ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၊ ၂၀၂၄
ရှမ်းပြည်နယ် မြောက်ပိုင်း (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်၊ ရပ်ကွက်(၂)ကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ် (၂)စီးဖြင့် ဗုံး(၈)လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း (TNLA) က သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာ (၁)ရက် မနက် (၃)နာရီ (၂၈)မိနစ်မှ (၃၈)မိနစ်အထိစစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးဖြင့် (၃)ကြိမ်လာရောက် တိုက်ခိုက်ခဲ့ရာ ကွတ်ခိုင်မြို့ ရပ်ကွက်(၂) အတွင်းရှိ မီးသတ်ဌာနရုံး၊ (န.တ.လ)ကျောင်း၊ EPC ရုံး၊ အခွန်ရုံး၊ အေးရှားဝေါလ်တိုးဂိတ် အနီးနှင့် ယူကလစ်တော အနီးတို့တွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုကြောင့် (၁)ဦးထိခိုက် ဒဏ်ရာရပြီး ကျွဲ(၁)ကောင်နှင့် အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မပေါက်ကွဲသေးသည့် ဗုံး(၁)လုံးလည်း ကျန်ရှိနေသေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများ ဖယ်ရှားရန် ကြိုးစားဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် သြဂုတ်လ(၅)ရက်နေ့ကလည်း ကွတ်ခိုင်မြို့ရှိ မြို့မစျေးတွင် လေကြောင်း (၄)ကြိမ် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူ(၆)ဦး သေဆုံးကာ (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိပြီး စျေးဆိုင်ခန်းပေါင်း (၄၀၀)ကျော် မီးလောင်ပျက်စီးခဲ့သည်။
#PPV0011
#လေကြောင်းတိုက်ခိုက်
#ကွတ်ခိုင်
#ရှမ်းမြောက်
#TNLA
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။