ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၉၊ ၂၀၂၄
ပွင့်လင်းရာသီတွင် တိုက်ပွဲထပ်ဖြစ်မည်သတင်းကြောင့် ဆီဆိုင်မြို့တွင်ပြောင်းစိုက်တောင်သူများသီးနှံရိတ်သိမ်းပြီးမသိုလှောင်ထားပဲချက်ချင်းရောင်းလိုက်ကြောင်း ဒေသခံထံမှသိရပါသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့၌ ပွင့်လင်းရာသီရောက်လျှင် စစ်ပွဲများထပ်ဖြစ်လာမည်ဟု သတင်းအမျိူးမျိူးထွက်နေကြပြီး ခြံထွက်သီးနှံများ ရသည့်ဈေးနှင့်ချက်ချင်းရောင်းကြကြောင်းသိရသည်။
“အရင်နှစ်တွေဆိုရင် ပြောင်းပေါ်ခါစ ပြောင်းဈေးမရတော့ သိုလှောင်ထားကြတယ်၊ ယခုနှစ်ကစစ်ပွဲထပ်ဖြစ်လာမှာစိုးတဲ့အတွက်ပြောင်းကိုမသိုလှောင်ရဲကြပဲရတဲ့ဈေးနဲ့ရောင်းချရတဲ့အတွက်စား၀တ်နေရေးအတွက်ပိုခက်ခဲလာမှာစိုးရိမ်နေကြရတယ်” ဟု ပြောင်းစိုက်တောင်သူ အမျိုးသမီး တစ်ဦးကပြောသည်။
ယခင်နှစ်များတွင်ပြောင်းစိုက်တဲ့သူအများစုက ရိတ်သိမ်းပြီး ဈေးကောင်းရမှရောင်းကြသော်လည်း ယခုနှစ်ကနိုင်ငံရေးမငြိမ်မသက်ဖြစ်ခြင်း ကြောင့်ရိတ်သိမ်းချက်ချင်းရောင်းကြသည်။
ဒေသခံပြောင်းစိုက်သူတစ်ဦးက”သတင်းမျိူးစုံလည်းကြားနေတော့ပွဲရုံကလဲအများကြီးသိပ်မ၀ယ်ရဲဘူး၊သူတို့ကတော့၀ယ်လိုက်သွားရောင်းလိုက်လုပ်နေတယ်”ဟုပြောသည်။
ထိုသို့ချက်ချင်းရောင်းချရခြင်းကြောင့်ပြောင်းစျေးလည်းမရသလို အရင်းအရှုံးခံရောင်းနေရသည့်အတွက် ကုန်စျေးနှုန်း မြင့်တက်သည့်အချိန် စားဝတ်နေရေး အခက်ခဲဖြစ်စေကြောင်းသိရသည်။
“ပွင့်လင်းရာသီရောက်ရင်စစ်ပွဲပြန်ဖြစ်မှာဆိုးလို့ပြောင်းသွားရောင်းတဲ့သူတွေများ တယ်၊အခုဆိုပွဲရုံသတ်မှတ်ထားတဲ့ဈေးဖြစ်တဲ့CP၀င်မှတစ်ပိသာကို၁၃၀၀ကျပ်၊ သိပ်မလှရင်တော့တစ်ပိသာကို ၈၀၀ ကျပ်အထက်နဲ့ ၉၀၀ ကျပ်ပဲပေးတယ်၊ ပြောင်းဈေးကမငြိမ်ဘူးဒီထပ်ကျလဲကျသွားနိုင်တယ်ဟု” ပြောင်းရောင်းသူတစ်ဦးကပြော သည်။
ဆီဆိုင်မြို့ဒေသခံများသည် ပြောင်းကိုအဓိကထားစိုက်ကြပြီး ရှမ်းပြောင်း၊သကြားပြောင်းနှင့် ကုလားပြောင်းတို့စိုက်ပျိုးကြသည်။
ရှမ်းပြောင်း၊သကြားများကို မိုးရာသီ ရေခြံသမားကစိုက်ကြ ပြီးမှ ကုလားပြောင်းကိုစိုက်ကြောင်း တချိူ့ကကုလားပြောင်းကိုမိုး၀င်မှစိုက်ကြောင်းသိရသည်။
#ppv0014
#စိုက်ပျိုးရေး
#ရာသီသီးနှံ
#hsihseng
#WhatHappenInMyanmar
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။