ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၁၊ ၂၀၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်း တောင်ကျချောင်းရေကြောင့် ကျိုးကျပျက်စီးခဲ့ရသည့် ဆိုက်‌ခေါင်အစားထိုး ဆိုက်ခေါင်-မိုင်းဆတ်သွား ယာယီ တံတားငယ်ကို အောက်တိုဘာ (၃၀) ရက်မှစတင်၍ ဖြတ်သန်းခွင့်ပေးကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၀)ရက်နေ့က တောင်ကျ ချောင်းရေကြောင့် ရေလယ်တိုင်မှ ကျိုးကျပျက်စီးခဲ့သော ထိုတံတားသည် ယခုချိန်တွင် ယာယီအစားထိုး တံတားငယ် တည်ဆောက်ပြီးစီးကာ ဖြတ်သန်းသွားလာ၍ ရကြောင်း သိရသည်။

“ကားကြီးတော့ သွားလို့ရလားမသိဘူး။ ကားသေးနဲ့ ဆိုင်ကယ်တော့ သွားလာနေကြတယ်။ ‌ဒေသတွက် အဆင်ပြေသွားတာပေါ့။ ဒါပေမဲ့ ကျွန်တော်အနေနဲ့ဆိုရင် ဘေးက အကာလေး လုပ်ပေးစေချင်တယ်။ “ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုတံတား ကျိုးကျပြီး နောက်ပိုင်း ပြင်ဆင်​ခြင်း သည် ဒုတိယမြောက် ဖြစ်ပြီး ပထမအကြိမ်ပြင်ဆင်ခြင်းက ပြန်လည် ပြိုကျကာ ယခုဒုတိယအကြိမ်မှသာ အဆင်ပြေကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ယာယီတံတားငယ်သည် အရှည်မှာ (၂၂၇) ပေ ရှိပြီး အကျယ်မှာ (၁၀) ပေရှိကြောင်းသိရသည်။

တံတားကို အသုံးပြုသူများအနေဖြင့် ဖြတ်သန်းခ ပေးရမည် ဆိုသော်လည်း မည်မျှ သတ်မှတ်ထားသည်ကို မသိရသေးကြောင်း သိရသည်။
photo Online

#PPV0011
#လမ်းတံတား
#သဘာဝဘေး
#မိုင်းဆတ်
#ရှမ်းရှေ့

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *