ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၁၊ ၂၀၂၄

ပင်လောင်းမြို့နယ်တောင်ဘက်၊ သစ်ပင်ကောက်ရွာရောက်စစ်ဘေးရှောင်များအား စစ်ကောင်စီနှင့် PNOပြည်သူ့စစ်ကနေခွင့်မပေးပဲ မောင်းထုတ်နေကြောင်း အောက်တိုဘာလ(၃၁)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အစပ်တွင်ရှိသည့် သစ်ပင်ကောက်ရွာတွင် (၂၀၂၃)ခုနှစ်၌ (၁၁၁၁)စစ်ဆင်ရေးနှင့် ရှမ်းကယားနယ်စပ်တိုက်ပွဲများကြောင့် ကရင်နီပြည်ဘက်မှ စစ်ဘေးရှောင်ပြည်သူအများအပြားရောက်ရှိလာပြီး ယခုအချိန်တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က နေခွင့်မပေးတော့ပဲ မောင်းထုတ်မှုရှိနေပြီး စစ်ရှောင်စခန်းထဲနေတာတွေ့ပါက ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြောဆိုထားသည်။

“သူတို့(စစ်ကောင်စီတပ်ဖွဲ့)မောင်းထုတ်တာတော့ကြာပြီ နှစ်လလောက်ရှိပြီထင်၊ အရင်ကဆိုရွာရဲ့စာသင်ကျောင်းနားမှာ တဲထိုးပြီးလာနေကြတာ ရွာတစ်ရွာလိုတောင်ဖြစ်နေပြီ အခုကသူတို့ပေးမနေတော့ဘူး၊ တဲထဲမှာနေတာတွေ့ရင်ပစ်မယ်ပြောလို့ အကုန်လုံးပြေးကုန်ပြီ” ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ဘေးရှောင်အများစုသည် ဘေးလွတ်ရာနေရာသို့ထပ်မံရွေ့ပြောင်းနေကြရပြီး သစ်ပင်ကောက်ရွာထဲ၌ ဆွေမျိုးရှိသည့်စစ်ရှောင်အချို့က ဆွေမျိုးအသိအိမ်တွင်သာ နေနေကြရကြောင်း သိရသည်။
သစ်ပင်ကောက်ရွာနှင့် နန်းတောင်းရွာတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က တပ်စွဲနေရာယူထားကြပြီး ဒေသခံများကိုရွာပြင်မထွက်ရအမိန့်ထုတ်ထားသာမက သစ်ပင်ကောက်ရွာသားများကိုလည်း ပြည်သူ့စစ်ထဲ အတင်းအဓမ္မခေါ်ဝင်မှုလည်းရှိကြောင်း သိရသည်။

#PPV007
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#သစ်ပင်ကောက်ရွာ
#စစ်ကောင်စီနှင့်
#PNOပြည်သူစစ်
#မောင်းထုတ်နေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed