ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၁၊ ၂၀၂၄

ဖယ်ခုံအနောက်ဖက်ခြမ်းတွင် စစ်ကောင်စီ၏ လေကြောင်း ရန်ကို စိုးရိမ်နေရသောကြောင့် စာသင်ကျောင်းများကို ခွဲပြီးဖွင့်ထားရကြောင်းဒေသခံတစ်ဦးထံမှ သိရသည်။

ရှမ်း-ကရင်နီ( ကယား) နယ်စပ် ဖယ်ခုံမြို့အနောက်ဖက်ခြမ်းရှိ ကျေးရွာများတွင် စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် စာသင်ကျောင်းများကို တစ်နေရာထဲစု မဖွင့်ရဲတော့ဘဲ ခွဲဖွင့်ထားရသည်။

” အရင်ခါဗုံးလာကြဲပြီးကတည်းက တစ်နေရာတည်းမဖွင့်ရဲတော့ဘူး၊ မူလတန်းတွေကို တစ်ခြားနေရာမှာဖွင့်ပေးတယ်၊ အလယ်တန်းတွေကို တစ်နေရာမှာ ခွဲဖွင့်ထားရတယ်” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ကျောင်းများခွဲဖွင့်ထားရာတွင် အခက်အခဲများစွာရှိသော်လည်း ကလေးများ၏ လုံခြုံရေးနှင့် ပညာသင်ယူခွင့် ဆက်လက်ရရှိရန် မဖြစ် ဖြစ်ဖွင့်ထားနေရဆဲ ဖြစ်ကြောင်းသိရသည်။

စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကလည်း” ကျောင်းတွေခွဲဖွင့်ရတော့ ဆရာ၊ဆရာမတွေကျောင်းသုံးပစ္စည်းတွေ၊ နေရာထိုင်ခင်းတွေပိုလိုအပ်တာပေါ့၊ တချို့နေရာတွေဆို ဂူ ထဲတွေမှာသွားဖွင့်ထားရတာ၊ အခက်အခဲတွေတော့အများကြီးပဲ၊ ဒါပေမယ့် ကလေးတွေရဲ့ လုံခြုံမှု နဲ့ ပညာဆက်လက်သင်ကြားနိုင်ဖို့က ပိုအရေးကြီးပါတယ်” ဟုဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် စစ်ကောင်စီက ဖယ်ခုံအနောက်ဘက်ခြမ်းရှိစစ်ရှောင်စခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသားများ နှင့် ဆရာမများ အပါအဝင် အများအပြားထိခိုက်သေဆုံးခဲ့ပြီးနောက် ကျောင်းများ ခွဲ၍ ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

photo online
#PPV 003
#ဖယ်ခုံ
#ပညာရေး
#ကျောင်းခွဲဖွင့်
#WhatHappenInMyanmar

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed