Month: October 2024

အာဏာရှင်ဟောင်း သန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီဖမ်းဆီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၅၊ ၂၀၂၄ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ဖမ်းဆီး အမှုဖွင့်ထားကြောင်း စစ်ကောင်စီက အောက်တိုဘာ (၂၄)ရက်မှာ ထုတ်ပြန်ထားသည်။ ဒေါက်တာ နေစိုးမောင်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့ခြင်းကြောင့် အောက်တိုဘာ (၂၃)ရက်က ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။ နိုင်ငံတော်တည်ငြိမ်မှုကိုပျက်ပြားစေရန်…

ရှမ်းတောင်မှာ ရွာအတွင်းစစ်ဘေးရှောင်တွေ ပိတ်မိနေပြီး ထွက်လို့ မရသေး

ခမ်းသားငေါဝ်း အောက်တိာဘာ ၂၄၊ ၂၀၂၄ ပင်လောင်းမြို့-ဖယ်ခုံနယ်စပ်အတွင်း တိုက်ပွဲတွေပြင်းထန်နေပြီး ဗန်းမောက် ကျေးရွာမှာ ရွာအတွင်းစစ်ရှောင်တွေ ပိတ်မိနေပြီး ထွက်လို့ မရသေးဘူးလို့ ဒေသခံထံက သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်‌လောင်းမြို့နယ် ဖယ်ခုံနယ်စပ်အနီး ဗန်းမောက်ကျေးရွာမှာ PNO၊ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာ တစ်လရှိသည့်တိုင်အောင် ယခုလက်ရှိ တိုက်ပွဲ ပြင်းထန်နေပြီး ကျေးရွာအတွင်း ရွာသားတွေလည်းပိတ်မိနေကြောင်း အောက်တိုဘာလ ၂၄…

ယောက်ျားလေးတိုင်း ပြည်သူ့စစ်ထဲသို့ အတင်းအဓမ္မခေါ်ဆောင်ခံရပြီး မသွားပါက တစ်ရက်တစ်သောင်းခွဲပေးဆောင်ရမည်ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၄ ပင်လောင်းမြို့နယ်ရှိ သစ်ပင်ကောက်ရွာတွင် PNOပြည်သူ့စစ်က ယောက်ျားလေးတိုင်းကို ပြည်သူ့စစ်ထဲသို့ အတင်းမအဓမ္မဝင်ခိုင်းနေပြီး မဝင်ပါက တစ်ရက်တစ်သောင်းခွဲပေးဆောင်ရမည်ဖြစ်ကြောင်း အောက်တိုဘာလ (၂၄)ရက်‌နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက်ရှိ သစ်ပင်ကောက်ရွာတွင် PNOပြည်သူ့စစ်က ယောက်ျားလေးတိုင်းကို ကျေးရွာလုံခြုံရေးဟုဆိုကာ ပြည်သူ့စစ်ထဲသို့ အတင်းအဓမ္မဝင်ခိုင်းနေကြောင်း သိရသည်။ “သစ်ပင်ကောက်က ရွာသားတွေဆို ယောက်ျားလေးအကုန် အဖြူအဖွဲ့(PNO)က သူတို့တပ်ထဲဝင်ခိုင်းတယ် မဝင်ရင်တစ်ရက်တစ်သောင်းတဲ့၊…

အင်းလေးကန်ရှိကျေးရွာပေါင်း ၅၂ ရွာတွင် ရေကောင်းရေကြည်ရရှိရေး ဆောင်ရွက်နိုင်ပြီဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ကျေးရွာပေါင်း၅၂ ရွာတွင် ရေကောင်းရေကြည် ရရှိရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း ရေကောင်းရေကြည် ရှာဖွေဆောင်ရွက်သော အဖွဲ့ထံမှ သိရသည်။ အောက်တိုဘာလ အစောပိုင်းမှ စတင်ဆောင်ရွက်ခဲ့သော ရေကောင်းရေကြည် ရှာဖွေရေး အဖွဲ့သည် အောက်တိုဘာလ ၂၄ ရက် အထိ အင်းလေးကန် ရှိ ကျေးရွာပေါင်း ၅၂…

ဖမ်းဆီးထားသည့် သတင်းသမား (၂)ဦးကို ချက်ချင်းပြန်လွတ်ပေးရန် (KIA)ကို (IMJA) တောင်းဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၄ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဖမ်းဆီးထားသည့် သတင်းထောက် ကိုနောင်ရိုးနှင့် ကိုတာလင်းမောင်တို့ကို အမြန်ဆုံး ပြန်လွတ်ပေးရန် လွတ်လပ်သော မြန်မာသတင်းစာ အစည်းအရုံး (IMJA) က အောက်တိုဘာ (၂၃)ရက်တွင် (KIA) ခေါင်းဆောင်များကို တောင်းဆိုထားသည်။ IMJA သည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွင်း သတင်းထောက်များ၏ အရေးပါသော အခန်းကဏ္ဌကို…

ဒေသတွင်းမငြိမ်မသက်မှုကြောင့် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ရွာပြင်ထွက်ခွင့်ပိတ်ပင်ထား

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၄ ပင်‌လောင်းမြို့နယ်တောင်ဘက် ရှမ်း-ကယားနယ်စပ်တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပြီး နန်းတောင်းရွာနှင့် သစ်ပင်ကောက်ရွာတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ဒေသခံများကို ရွာပြင်ထွက်ခွင့် လုံးဝပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဒေသခံပြောပြချက်အရ အောက်တိုဘာလ(၂၄)ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ် အစပ်တွင်ရှိသည့် သစ်ပင်ကောက်ရွာနှင့် နန်းတောင်းရွာတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ရွာပြင်ထွက်ခွင့် လုံးဝပိတ်ထားပြီး ရွာပြင်ထွက်တာ တွေ့ရှိပါက ပစ်ခတ်မည်ဟု…

အမျိုးသမီးတစ်ဦးကို ပစ်သတ်သည့် (PDF)တပ်ဖွဲ့ဝင်အား ထောင် (၁၀) နှစ် ချကြောင်း NUG ထုတ်ပြန်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၄ ဝက်လက်မြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ပစ်သတ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁)- ဒုတပ်ခွဲ့မှူး ရဲဘော်အား ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက အောက်တိုဘာ(၂၂)ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲခန့်၌ သမီးရည်းစားချင်း…

တိုက်ပွဲများကြောင့် သုံးလအတွင်း နိုင်ငံတစ်ဝန်းတွင် အရပ်သားပြည်သူ ၁၀၀၀ ကျော် သေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၄ နိုင်ငံတစ်ဝန်းတွင် ဇူလိုင်လ မှ စက်တင်ဘာလအထိ တိုက်ပွဲကြောင့် အရပ်သားပြည်သူ ၁၀၄၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအနည်းဆုံး ၁၃၈၃ ဦး ရှိကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ အောက်တိုဘာ ၂၂ ရက်နေ့ တွင်ထုတ်ပြန်ထားသည်။ အရပ်သားသေဆုံးမှုများတွင် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများရှိသလို အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် လည်းပါဝင်ကြောင်းသိရသည်။ သုံးလအတွင်း စစ်ဆင်ရေးများ…

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သည့် အစုအပြုံလိုက်သတ်ဖြတ်မှု (၆၅) ခုအထက် ရှိပြီး အရပ်သား (၁၃၀၀) ကျော်သေဆုံးမှုရှိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၄ အာဏာသိမ်းမှုအလွန် သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်က အရပ်သားများအပေါ် ကျူးလွန်ခဲ့သော (လူ ၁၀ ဦးနှင့်အထက်) အစုအပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ် (၆၅) ခုထက်မနည်း ရှိခဲ့ပြီး အရပ်သား (၁,၃၀၇) ဦးထက်မနည်း သေဆုံးခဲ့ကြရကြောင်း Institute for Strategy and Policy – Myanmar( ISP)…

မြန်မာနိုင်ငံတွင် ကလေးငယ်ပေါင်း ၆ သန်းကျော် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေပြီး၊ ကလေး ၄ သန်းကျော်ပညာသင်ကြားခွင့် ဆုံးရှုံးနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊၂၀၂၄ မြန်မာနိုင်ငံတွင် ကလေးငယ် ၄ သန်းကျော် ပညာ သင်ကြားခွင့် ဆုံးရှုံးနေပြီး၊ ကလေးငယ်ပေါင်း ၆ သန်းကျော် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေဟု Unicef ထုတ်ပြန်ချက် အရသိရသည်။ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေသည့် မြန်မာနိုင်ငံမှ ကလေး ၆ သန်းသည် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၏ အလေးဆုံးဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်လျက်ရှိကြောင်း ယူနီဆက်…

You missed