Month: October 2024

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ပင်လောင်း မြို့နယ် နောင်ဝိုး၊ပင်စုံ၊ နမ့်ဖာမူကျေးရွာ များတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲ ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တွင် စက်တင်ဘာလ ၁၇ ရက်နေ့ကစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့အကြားတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ နောင်ဝိုး၊ ပင်စုံ၊ နမ့်ဖာမူ ကျေးရွာများတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။…

ရေဘေးကြုံခဲ့ရသည့် ကလောမြို့တွင် ပြန်လည်ထူ ထောင်ရေးကာလ၌ သူခိုးများ သောင်းကျန်းနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ရေကြီးနှစ်မြှုပ်မှုကြုံခဲ့ရသည့် ကလောမြို့တွင် ရေကျပြီးနောက် ပြန်လည် ထူထောင်ရေး ကာလ၌ သူခိုးများ သောင်းကျန်းနေကြောင်း ဒေသခံများထံမှသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းကလောမြို့တွင်ရေကြီးရေလျှံမှုဖြစ်ကာ ရေကျပြီးနောက် ပြန်လည်ထူ ထောင်ရေးကာလ လုပ်ငန်းများ ပြန်လည် စတင်ချိန် သူခိုးများ ယခင်ထက် ပိုမို သောင်းကျန်းလာကြောင်း သိရသည်။ “ကလောမြို့၊ ရပ်ကွက်(၈) နဲ့ အိုးစည်တောင်…

သီပေါမြို့ရှိ စစ်ဘေးရှောင် စခန်းများအတွက် ဆောင်းရာသီ ခြုံစောင်နှင့် အနွေးထည် များလိုအပ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ စစ်ဘေးရှောင် စခန်းများအတွက် ဆောင်းရာသီ ခြုံစောင်နှင့် အနွေးထည် များလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ သီပေါမြို့ ရှိ စခန်း(၃) ခု တို့တွင် စစ်ဘေးရှောင်ပေါင်း တစ်ထောင်ကျော် ကျန်ရှိနေသေးပြီး ဘုန်းတော်ကြီး ကျောင်းများတွင် ခိုလှုံနေကြရကြောင်း သိရသည်။ “တိုက်ပွဲတွေ မရှိတော့ပေမယ့် အိမ်မပြန်နိုင်သေးတဲ့စစ်ရှောင် ပြည်သူအတွက်…

တောကျယ်ရေပြာစမ်း ရေတံခွန် သွားလမ်းတွင် ဓါးထောက်၍ ဆိုင်ကယ် လုယက်မှု ဖြစ်ပွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ တောကျယ် ရေပြာစမ်း ရေတံခွန် သွားလမ်းတွင် ဓါးထောက်၍ Click 2019 မော်တော် ဆိုင်ကယ် လုယက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်သည် အောက်တိုဘာလ ၂၈ ရက် မွန်းလွဲပိုင်း (၂) နာရီ အချိန်တွင် ရေပြာစမ်း သွားလမ်း၌ ဓါးထောက်၍ မော်တော်ဆိုင်ကယ် လုယက်မှု ဖြစ်ပွားခဲ့ကြောင်း…

ဆီဆိုင်မြို့ရပ်ကွက်များအတွင်း ပြည်သူထံဝေပေးရမည့်ဆန်အား ရပ်ကွက်လူကြီးများရောင်းစားခြင်းရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၇ ၊ ၂၀၂၄ ဆီဆိုင်မြို့တစ်ချို့ရပ်ကွက်များအတွင်း စစ်ဘေးဒုက္ခရောက်သူများအတွက် စစ်ကောင်စီမှထောက်ပံ့လာသည့် ဆန်များအား ရပ်ကွက်လူကြီးများမှ ရောင်းစားခြင်းရှိနေကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ပေါ်တချို့ရပ်ကွက်များတွင် စစ်ကောင်စီမှလာရောက်ဗုံးကြဲပြီး ဒုက္ခရောက်နေသည့် ပြည်သူများအား ဆန်ပြည်လှည်ထောက်ပံ့လျှက်ရှိရာ ရပ်ကွက်လူကြီးအဖွဲ့များက အပြည့်မပေးပဲရောင်းစားခြင်းရှိနေသည်၊၊ “တချို့ရပ်ကွက်က ဆီဆိုင်မှာရောင်းရင် လူတွေသိမှာစိုးလို့ တခြားမြို့မှာသွားရောင်တာလည်းရှိတယ် မြို့တွင်းပြန်ရောင်းတဲ့ ရပ်ကွက်လည်းရှိတယ် တစ်အိတ်ကိုးသောင်းနဲ့” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်၊၊ တစ်ချို့ရပ်ကွက်တွင်…

စိုက်ခင်းထဲတွင် ရေပြန်မကျသေးသဖြင့် ဆောင်းသီးနှံများပြန်လှည် စိုက်ပျိူးမည့်တောင်သူများ အခက်ခဲကြုံတွေ့နေရ

ခမ်းသားငေါဝ််း အောက်တိုဘာ ၂၇၊ ၂၀၂၄ တောင်ကြီးမြို့တောင်ဖက်ကျေးရွာအချိူ့ရှိ စိုက်ခင်းထဲတွင် ရေပြန်မကျသေးသဖြင့် ဆောင်းသီးနှံစိုက်ပျိူးမည့်တောင်သူများ အခက်ခဲနှင့် ကြုံတွေ့နေရကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တောင်ဖက်ကျေးရွာအချိူ့ရှိစိုက်ခင်းထဲတွင် ရေပြန်မကျသေးသဖြင့် တောင်သူများ အဓိကကြက်သွန်ဖြူနှင့်အာလူးအပြင် တခြားဆောင်းသီးနှံများ ပြန်လည်စိုက်ပျိူးရန်အတွက် အဆင်မပြေကြောင်းသိရသည်။ ” ကျွန်တော့်ခြံထဲဆိုလည်း ရေကရှိနေတုန်းခုထိ၊ ရေရှိနေမှတော့ဘယ်လိုလုပ်ပြီး သီးနှံတွေစိုက်လို့ရတော့မှာလဲ၊ အရင်လတုန်းကသီးနှံတွေလည်း ဟိုဟာပေါ့မိုးကြီးပြီးနောက်ပိုင်းကတည်းစိုက်ခင်းထဲရေတွေလဲဝင်တော့ ပြောရရင်ဆုံးရှုံးရတာတွေမနည်းဘူးလေ၊ အခုချိန်ဆောင်းသီးနှံတွေ စိုက်ရတော့မှာပါဆိုရေကမကျသေးတော့…

အောင်ပန်းတွင် ရပ်ထားသည့်တွဲကားကို ရွာငံမှမောင်းလာသော(wish)ကားတိုက်မှုဖြစ် ယာဥ်မောင်းထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၇၊ ၂၀၂၄ အောင်ပန်းတွင် ရပ်ထားသည့်တွဲကားကို ရွာငံမှမောင်းလာသည့် (wish)ကားတိုက်မှုဖြစ်ပွားပြီး ယာဥ်မောင်းဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာလ၂၇ ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-တောင်ကြီးသွားလမ်း ကညနရုံးရှေ့အနီးလမ်းမတွင်ရပ်ထားသည့်တွဲကားကို မနေ့ည ၇ ခွဲအချိန်တွင် ရွာငံစုရပ်ကွက်နေဝပ်ရှော့လုပ်ကိုင်နေသည့်ဦးကုလား မောင်းလာသော(wish)ကားတိုက်မှုဖြစ်ပွားပြီး ဒဏ်ရာရသူ ဦးကုလားကိုဆေးရုံတင်ပေးထားသည်။ “ဒဏ်ရာကတော့ ဘယ်ဖက်မျက်ခုံးရိုးကျိုးတယ် နောက် ပြီးတော့ နဖူးကွဲတယ် လက်သန်းကျိုးတယ် ဘယ်ဖက်နားကလက်ဖျံနားမှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့”ဟု…

အောင်ပန်းတွင် လုယှက်၊ရိုက်နှက်ပြီး လူကိုပါသတ်သွားသည့် တရားခံနှစ်ဦးကိုမိတ္ထီလာတွင် ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၇၊ ၂၀၂၄ အောင်ပန်းတွင် လုယှက်၊ရိုက်နှက်ပြီး လူကိုပါသတ်သွားသော တရားခံနှစ်ဦးကိုမိတ္ထီလာတွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့၊လက်မပင်ရပ်ကွက်နေ မနီလာထွေးနှင့်သားတို့အား လုယက်ရိုက်နှက်ပြီး မိခင်ကိုပါသတ်သွားသည့်ကျူးလွန်သူ တရားခံနှစ်ဦးကို အောက်တိုဘာ ၂၇ ရက်နေ့တွင် မိတ္ထီလာမြို့၌ဖမ်းဆီးရမိပြီး အောင်ပန်းသို့ ပြန်လည်ခေါ် ဆောင်လာပြီးဖြစ်ကြောင်း သိရသည်။ “အဲလူနှစ်ယောက်ကို မိထ္တိလာမှာ မိပြီး ခုအောင်ပန်းမြို့ ရဲစခန်းမှာ ဖမ်းခေါ်လာပြီ။ ယခု…

နောင်ပိန်ကျေးရွာတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ငါးရာကျော် ကျန်သေးပြီး၊ စားနပ်ရိက္ခာ ရှားပါးခက်ခဲလာ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၅၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နောင်ပိန် ကျေးရွာတွင် ခိုလှုံနေသော စစ်ဘေးရှောင် ဦးရေ ငါးရာကျော် ကျန်သေးပြီး၊ စားနပ်ရိက္ခာ ရှားပါးခက်ခဲလာနေကြောင်း တာဝန်ခံထံမှ ကြားသိရသည်။ လက်ရှိ အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း သို့ ကုန်စည် သယ်ယူပို့ဆောင်ရေး ပိတ်ပင်ထားပြီး ဆန်အိတ် များ သယ်ဆောင်၍ မရသဖြင့်…

လူကိုရိုက်နက်ပြီး ဆိုင်ကယ်နှင့်လက်ဝတ်လက်စားများ လုယက်ခံရသူ တစ်ဦးသေဆုံး၊တစ်ဦး ဒဏ်ရာပြင်းထန်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၅၊ ၂၀၂၄ အောင်ပန်း- ကလောလမ်းတွင် သားအမိနှစ်ဦး၏ ဆိုင်ကယ်နှင့် လက်ဝတ်လက်စားများလုယူခံရသည့်အပြင်လူလည်း ရိုက်နက်ခံရသည့်အတွက် မိခင်ဖြစ်သူသေဆုံးသွားပြီး သားဖြစ်သူအပြင်းအထန်ဒဏ်ရာ ရခဲ့ကြောင်း နာရေးကူညီမှုအသင်း အောင်ပန်း ထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း မြို့အဝင် တောင်ရိုးစာပေနှင့်ယဥ်ကျေးမှုရုံးအနီး မယ်ခိုတောင်တက်လမ်း(လမ်းမကြီးနှင့် ပေ ၂၀ ခန့်အကွာ) ၌ အောက်တိုဘာလ ၂၄ ရက်နေ့ မနက် ၉…

You missed