အင်းလေးဒေသ မြေပေါင်ဘုန်းကြီးကျောင်းရောက် ရေဘေးသင့်ဒေသခံများအတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်
ခမ်းသားငေါဝ်း အောက်တိုဘာ ၁၊ ၂၀၂၄ အင်းလေးဒေသတောင်ပိုင်းရှိ မြေပေါင်ရွာတွင် ရေကြီးရေလျှံမှုကြောင့်ဒေသခံများနေအိမ် ရေနှစ်မြှုပ်သွားပြီး မြေပေါင်ဘုန်းကြီးကျောင်းတွင်တက်ရောက်ခိုလှုံကြပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း အောက်တိုဘာလ(၁)ရက်နေ့တွင် မြေပေါင်ကျောင်းဆရာတော်ထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ယာဂီမုန်တိုင်းဒဏ်ကြောင့် အင်းရေပြင်ရေကြီးရေလျှံမှုဖြစ်ကာ ဒေသခံများရေဘေးကြုံတွေ့နေကြရပြီး အင်းတောင်ပိုင်း မြေပေါင်ဘုန်းကြီးကျောင်းရောက် ရေဘေးသင့်ပြည်သူ(၄၀၀)နီးပါးအတွက် စားနပ်ရိက္ခာအရေးပေါ်လိုနေသည်။ “အခုဦးဇင်းကျောင်းမှာဆိုရင် လူအကုန်လုံးက(၃၀၀)ကျော် (၄၀၀)နီးပါးလောက်ရှိတယ်၊ အိမ်ထောင်စုကတော့ (၁၅၇)စုပေါ့၊ လိုအပ်ချက်တွေကတော့ ပြောလို့မရအောင်ပဲအရမ်းများတယ်…