မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အေင်ခေတ်ရွာတွင် တောက်ပြိုမှုထပ်မံဖြစ်ပွား
ခမ်းသားငေါဝ်း အောက်တိုဘာ ၅၊၂၀၂၄ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်အေင်ခေတ်ရွာတွင် မြေပြိုမှုများပြန်လည်ဖြစ်ပေါ်ပြီး ရွာသူရွာ သားများ အပြင်မထွက်ရန် အသိပေးနေရကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် အေင်ခေတ်ရွာတွင်ရေဘေးကြုံခဲ့ရသည့်အပြင် ယခုရက်ပိုင်းမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ပြုမှုပြန်ဖြစ်နေကြောင်း ဒေသခံတစ်ဉီးထံမှ သိရှိရသည်။ “အခုရက်ပိုင်းမိုးဆက်တိုက်ရွာနေတော့ တောင်ပြိုတာလေးတွေ ပြန်ဖြစ်တယ်ပေါ့လေ ရွာသားတွေကိုစိုးရိမ်နေရတော့ ကျနော်တို့က အပြင်တွေသိပ်မထွက်ဖို့ လိုက်ပြီးသတိပေးနေရတယ်ပေါ့ တချို့တွေကိုတော့လဲ ဘုန်းကြီးကျောင်းမှာပဲနေဖို့ လိုက်ပြောရတာတွေရှိတယ်ဗျာ့” ဟုပြောသည်။ ယခင်ဖြစ်ပွားခဲ့သည့် မြေပြိုမှုမှ…