မဲနယ်တောင်ဒေသရှိကျေးရွာအချိူ့တွင် စစ်မှုထမ်းရန် ထောက်ပံ့ကြေးမထည့်နိုင်သူများ ရေဘေးနစ်နာကြေးအပြည့်မရ
ခမ်းသားငေါဝ်း အောက်တိုဘာ ၇၊ ၂၀၂၄ ဟိုပုံးမြို့နယ်၊မဲနယ်တောင်ဒေသရှိ ကျေးရွာအချိူ့တွင်စစ်မှုထမ်းအတွက် ထောက်ပံ့ကြေးလစဥ်မထည့်နိုင်သူများ ရေဘေးနစ်နာကြေး အပြည့်မရရှိကြောင်းဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသတွင်ရေကြီးမြေပြိုမှု ကြောင့်နေအိမ်အများအပြားပျက်စီးပြီး ရပ်နီးရပ်ဝေးအလှူရှင်များက အစားအသောက်နှင့်ငွေကြေးများလာရောက်လှူဒါန်းထားမှုရှိသော်လည်း နေအိမ်ဆုံးရှုံးသူများထဲတွင် စစ်မှုထမ်းအတွက်ထောက်ပံ့ကြေးလစဥ်မထည့်နိုင်သူများကို ရွာသူကြီးကရေဘေးနစ်နာကြေးအပြည့် မပေးကြောင်းသိရသည်။…