ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၀၊ ၂၀၂၄

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်လိုက်သည့် ဟိုပန်မြို့တွင် လူသတ်မှု ကျူးလွန်သူ(၁)ဦးကို သေဒဏ်ချမှတ်ကာ မုဒိမ်းမှု ကျူးလွန်သူ (၆) ဦးကို အောက်တိုဘာ (၃၀)ရက် ယနေ့တွင်ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ် (၁၅) နှစ်စီ ချမှတ်ကြောင်း “ဝ” ပြည်နယ် အခြေစိုက် သတင်းမီဒီယာက ဖော်ပြထားသည်။

လူသတ်မှုကျူးလွန်သူ အသက် (၂၀) ဝန်းကျင်ရှိ မောင်စိုင်းကျော်ထွန်းကို သေဒဏ်၊ မုဒိမ်းမှု ဦးဆောင်သူကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြင့် ကျန် (၅)ယောက်ကို ထောင်ဒဏ် (၁၅) နှစ် စီချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။

လူသတ်မှုကျူးလွန်သူသည် ဟိုပန်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လ (၃) ရက်က ကုန်စုံဆိုင် တစ်ခုမှာ ဓားပြတိုက်မှု ဖြစ်ပွားပြီး (၈) နှစ်အရွယ် ကလေးသေဆုံးသွားသည့် ဖြစ်စဉ် ဖြစ်ပြီး (၂) လအကြာမှာတော့ ကျူးလွန်သူ ကို”ဝ” ပြည်သူ့အစိုးရ တရားစီရင်ရေး ဌာနမှ သေဒဏ်ချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။

UWSA “ဝ”သေဒတွင် အပြစ်ကျူးလွန်သူများကို အများရှေ့တွင် သေဒဏ်ချမှတ်ခြင်း၊ အပြစ်ပေးခြင်းသည် “ဝ”ပြည်သူ့အစိုးရ၏ ယခင်ကတည်းက ကျင့်သုံးလာသည့် မူဝါဒ တစ်ခုဖြစ်ပြီး နောက်ထပ် အပြစ်များမကျူးလွန်ကြဖို့ လုပ်ဆောင်သော မူဝါဒ ဖြစ်ကြောင်း သိရသည်။

“ဝ”ပြည် ဟိုပန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း ပြစ်မှုကျူးလွန်သူများကို ပြည်သူ လူထူရှေ့တွင် ပထမအကြိမ် တရားစီရင်မှု လုပ်ဆောင်ခဲ့သည်။

PPV0011
ဓာတ်ပုံ- “ဝ”လူငယ် အသံကွန်ရက်
#မှုခင်း
#ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်
#UWSA
#ဟိုပန်မြို့တွင်
#သေဒဏ်ချမှတ်
#မုဒိမ်းမှုကျူးလွန်သူ #ထောင်ဒဏ်တစ်သက်တစ်ကျွန်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *