ခမ်းသားငေါဝ်း

အောက်တိုဘာ ၃၀၊ ၂၀၂၄

ပင်‌လောင်းမြို့နယ် ဗန်းမောက်ကျေးရွာမှာ PNO၊ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး လက်ရှိ ဗန်းမောက်ကျေးရွာ ပြည်သူတွေ ထွက်မရဘဲ အရေးပေါ်ကယ်ထုတ်မယ့်သူတွေရဲ့ အကူအညီလိုအပ်နေတယ်လို့ ယနေ့ မှာ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောလာပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဗန်းမောက်ကျေးရွာမှာ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး ဗန်းမောက်ရွာအတွင်း ဒေသခံများကကြောက်လန့်နေပြီး မနေရဲတော့ပဲ ဒေသခံနဲ့နီးစပ်သူက ပြန်ခေါ်ဖို့ ရက်ခွင့်ပေးပါက ပြန်ခေါ်ချင်တယ် လို့သိရပါတယ်။

“အခု ပြန်ခေါ်လို့ရရင် အကုန်ပြန်ခေါ်ချင်တယ်။ လက်နက်ကြီးတွေ နေ့တိုင်းကျနေတာ ရွာထဲမနေရဲတော့ဘူး။ အခုက တောင်ဘက်လည်းသွားလို့မရတော့ဘူး။ မြောက်ဘက်လဲ ပိတ်ထား နေပြီး၊ အခုလက်နက်ကြီးတအားကျလာလို့ ကြောက်နေကြပြီ”ဟု ပိတ်မိစစ်နေတဲ့ရှောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဗန်းမောက်ကျေးရွာအတွင်း ဒေသခံရွာသားများ ကလေး၊ လူကြီးအပါအဝင် ၂ ရာကျော် ၃ ရာနီးပါး ပိတ်မိနေပြီး ထိုထဲမှာ မသန်စွမ်းများလည်းပါဝင်နေတယ်လို့သိရပါတယ်။

“ အရင်က ဗန်းမောက်ဘုန်းကြီးကျောင်းမှာ နေကြတယ်။ ဟိုရက်ကမှ ဘုန်းကျောင်းအပေါ်နားမှာ ဗုံး ၂ လုံးကျထားလို့ ဘယ်သူမှအဲမှာ မနေရဲကြတော့ဘူး” ဟု ၄င်းက ဆက်ပြောပါတယ်။

လက်ရှိ ထိုနေရာမှာ လိုင်းများလည်း မရရှိသလို ထွက်ပေါက်အားလုံးလည်း ပိတ်ထားတဲ့အတွက် ဒေသခံအများစု ပိတ်မိနေတယ်လို့သိရပါတယ်။

PPV10
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်‌လောင်းမြို့နယ်
#ဗန်းမောက်ကျေးရွာ
#PNO
#စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့
#တိုက်ပွဲပြင်းထန်နေ
#အရေးပေါ်ကယ်ထုတ်မယ့်သူ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *