ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၀၊ ၂၀၂၄
ကယန်းဒေသအတွင်းရှိ တော်လှန်ရေးတွင် ဦး ဆောင်ပါဝင်နေသော ပုဂ္ဂိုလ်များဖြင့် ကော်မတီတစ်ရပ် ဖန်တီးကာ ကယန်းအမျိုးသားတပ်မတော် -KNA ကို အခြေခံမူ ၉ ချက် အမျိုးသားရည်မှန်းချက် ၅ ချက်ဖြင့် အောက်တိုဘာလ (၂၉) ရက်နေ့က ဖွဲ့ စည်းခဲ့ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။
ကယန်းအမျိုးသားတပ်မတော်သည် လွိုင်ကော်၊ ဒီးမော့ဆို ၊ မိုးဗြဲ ၊ ဖယ်ခုံ နှင့် အခြား ကယန်းဒေသ အသီးသီး၌ ပြန့်ကျဲနေသည့် ကယန်းလက်နက်ကိုင်တပ်ဖွဲ့တို့ကို တစုတစည်းထဲ ပြန်လည်ပေါင်းစည်းကာ အကြမ်းဖက် စစ်ကောင်စီကို တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။
ကယန်းအမျိုးသားတပ်မတော်သည် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော မည်သည်အဖွဲ့အစည်းနှင့်မဆို အတူလက်တွဲပြီး တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ထို့ပြင် NUG အစိုးရကိုလည်း ပြည်ထောင်စုအစိုးရအဖြစ် အသိအမှတ်ပြုကာ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟုဆိုထားသည်။
PPV 003
ဓာတ်ပုံ-အွန်လိုင်း
#စစ်ရေး
#ယန်းဒေသအတွင်း
#ကော်မတီတစ်ရပ်
#ကယန်းအမျိုးသားတပ်မတော်
#KNA
#လွိုင်ကော်
#ဒီးမော့ဆို
#မိုးဗွဲ
#ဖယ်ခုံ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။