ခမ်းသားငေါဝ်း

အောက်တိုဘာ ၃၀၊ ၂၀၂၄

တောင်ကြီးမြို့နယ်၊ ကုလာကုန်းကျေးရွာအရှေ့ဖက်ခြမ်းရှိစပါးခင်းများ ရေကြီးရေလျှံမှုကြောင့်အရင်နှစ်ထက်အထွက်နူန်း လျှော့နည်းနေကြောင်းဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကုလာကုန်းကျေးရွာအရှေ့ဖက်ခြမ်းရှိ စပါးစိုက်ခင်းများ မိုးကြီးမှုကြောင့်အပင်များလှဲပြီး ရေနစ်မြှပ်သွားသည့်အတွက် စပါးပင်များပျက်စီးသဖြင့် အရင်နှစ်ထက် အထွက်နူန်းလျှော့နည်းနသည်။

“ပြောရမယ်ဆို ဒီနှစ်ကမိုးများတော့လေ၊ အခုရိတ်သိမ်းတဲ့ချိန်တောင် တစ်ချိူ့နေရာကမကျသေးတော့ စပါးကမရတော့ဘူးလေ၊ အများကြီးတော့ဆုံးရှုံးတာပေါ့၊ အရင်နှစ်ထက်တစ်ဝက်နီးပါးဘဲပြန်ရတယ်လေ ခုကတစ်ချိူ့တွေဆိုလုံးလုံးပြန်မရတဲ့သူတွေလဲရှိတယ်”ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဆီဆိုင်မြို့နယ် ပုန်းအင်းဒေသ နောင်မွန်ရှမ်းဆန်အဓိကထွက်ရှိသည့်​ဒေသတွင်လည်း စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပါးစိုက်ခင်းများပျက်စီးမှုများသဖြင့် ဆန်စျေးတက်လာနိုင်ခြေရှိကြောင်း သိရသည်။

ထို့အတူအခြားသောမြို့နယ်တွင်လည်း ရေကြီးရေလျှံမှုကြောင့် စပါးအထွက်နူန်းလျှော့နည်းသည့်အပြင် အခြားသောသီးနှံစိုက်ခင်းများလည်း ရေနစ်မြှုပ်ပြီးအများအပြားပျက်စီးခဲ့ရကြောင်း သိရှိရသည်။

#Photo -Online
#PPV0012
#စိုက်ပျိုးရေး
#တောင်ကြီးမြို့နယ်
#ကုလာကုန်းကျေးရွာအရှေ့ဖက်ခြမ်း
#စပါးခင်းများ
#ရေကြီးရေလျှံမှု
#ဆီဆိုင်မြို့နယ်
#ပုန်းအင်းဒေသ
#နောင်မွန်ရှမ်းဆန်အဓိကထွက်ရှိသည့်​ဒေသ
#စပါးစိုက်ခင်းများပျက်စီးမှုများ
#ဆန်စျေးတက်လာနိုင်ခြေရှိ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed