ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၉၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ စစ်ဘေးရှောင် စခန်းများအတွက် ဆောင်းရာသီ ခြုံစောင်နှင့် အနွေးထည် များလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
သီပေါမြို့ ရှိ စခန်း(၃) ခု တို့တွင် စစ်ဘေးရှောင်ပေါင်း တစ်ထောင်ကျော် ကျန်ရှိနေသေးပြီး ဘုန်းတော်ကြီး ကျောင်းများတွင် ခိုလှုံနေကြရကြောင်း သိရသည်။
“တိုက်ပွဲတွေ မရှိတော့ပေမယ့် အိမ်မပြန်နိုင်သေးတဲ့စစ်ရှောင် ပြည်သူအတွက် ခြုံစောင်နဲ် အနွေးထည် ထူထူထပ်ထပ် ဖြစ်ရင် ပိုမိုကောင်းမွန်တယ်လို့”ကူညီသူတဦးက ဆိုသည်။
ဆောင်းရာသီဝင်လာချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဘေးရှောင် ပြည်သူလူထု လူဦးရေ ၁၂၀၀ စာ အတွက် ခြုံစောင် နှင့် အနွေးထည်များ လိုအပ်ချက် ရှိနေသည်ဟုသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို နှင့် သီပေါ မြို့ တို့တွင် စစ်ဘေးရှောင် ပြည်သူများ ခိုလှုံနေကြခြင်း ရှိပြီး၊ နောင်ပိန် ကျေးရွာတွင် လည်း စစ်ဘေးရှောင် ပြည်သူပေါင်း ၁၆၀ ကျော် ကျန် ရှိနေသေးကြောင်း သိရသည်။
#ppv006
#စစ်ရှောင်
#သီပေါ
#အနွေးထည်လိုအပ်
#WhatHappenInMyanmar
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။