ခမ်းသားငေါဝ်း

အောက်တိုဘာ ၂၉၊ ၂၀၂၄

ပင်လောင်း မြို့နယ် နောင်ဝိုး၊ပင်စုံ၊ နမ့်ဖာမူကျေးရွာ များတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲ ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တွင် စက်တင်ဘာလ ၁၇ ရက်နေ့ကစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့အကြားတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ နောင်ဝိုး၊ ပင်စုံ၊ နမ့်ဖာမူ ကျေးရွာများတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။

” တိုက်ပွဲတော့ပြင်းထန်နေဆဲပဲ၊ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနေ့တိုင်းပစ်နေတယ်၊ လေယာဥ်တွေနဲ့လည်းလာပစ်တယ်” ဟု စစ်ရေးသတင်းအမြစ်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူနေအိမ်များထိခိုက်ပျက်စီးမှုရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်းသိရသည်။

ပင်လောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရပြီး အကူညီများလိုအပ်နေကြောင်းသိရသည်။

PPV 003
ဓာတ်ပုံ-အွန်လိုင်း
#စစ်ပွဲ
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#နောင်ဝိုး
#ပင်စုံ
#နမ့်ဖာမူကျေးရွာ
#တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *