ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၉၊၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ တောကျယ် ရေပြာစမ်း ရေတံခွန် သွားလမ်းတွင် ဓါးထောက်၍ Click 2019 မော်တော် ဆိုင်ကယ် လုယက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်သည် အောက်တိုဘာလ ၂၈ ရက် မွန်းလွဲပိုင်း (၂) နာရီ အချိန်တွင် ရေပြာစမ်း သွားလမ်း၌ ဓါးထောက်၍ မော်တော်ဆိုင်ကယ် လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

” အဲဒီလမ်းတွေက တခါမှ မကြုံဖူးဘူး ၊ အခု သွားရတာ မလုံခြုံတော့ဘူး ။ ကျန်းမာရေး မကောင်းဘူး ဆိုတာ တောင်းပန်တာတောင် မရဘူး။ ဆိုင်ကယ်ကို ရအောင် ယူသွားကြတယ်။ မြန်မာရုပ်တွေပဲ ။ အပြန်မှာ အနောက်က ကပ်ပါလာတဲ့ ကားလေးကို အကူ အညီ တောင်းပြီး ရေပြာအိုင်နားမှာ ကားငှားပြီး ပြန်လာခဲ့ရတယ်။”ဟုကိုယ်တိုင် ကြုံတွေ့ခဲ့ရသူက ပြောပြသည်

ထိုမော်တော်ဆိုင်ကယ်သည် လူပြတ်သော နေရာ စပါးစိုက်ခင်းနေရာတွင် ရှေ့မှ ကြိုစောင့်ပြီး ဓါးထုတ်၍ မော်တော်ဆိုင်ကယ်ကို အတင်းတောင်းယူကြောင်း၊ ကာယကံရှင် မှ ကျန်းမာရေး မကောင်းသဖြင့် လွှတ်ပေးပါရန် တောင်းပန် ပြောကြားသော်လည်း မရဘဲ ဓါးထောက်၍ ခြုံအတွင်းခေါ် အတင်း တောင်းယူကြောင်း သိရသည်။

ထိုစဉ် အနောက်ဘက်မှ လူငယ် ၂ ဦး ထပ် ရောက် လာပြီး ၊ သုံးယောက်သား ပေါင်း၍ လုယက်ကာ ဆိုင်ကယ် ကို အတင်းအကြပ် တက်ခွမောင်းယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုဖြစ်စဉ် တွင် ဆိုင်ကယ် ၂ စီး ၊ လူငယ် ၃ ယောက် ကျူးလွန်ခြင်း ဖြစ်ပြီး တိုင်းရင်းသား ရုပ် မပေါက်ဘဲ ဒေသခံများ မဟုတ်နိုင်ကြောင်း ဆိုသည်။

အဆိုပါ ဖြစ်စဉ်မျိုး ခပ်စိပ်စိတ် ကြားလာရပြီး၊ အောင်ပန်း နှင့် ကလော တို့တွင် ဆိုင်ကယ် ဓါးမြတိုက်မှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

အောက်တိုဘာလ ၁၉ ရက် နေ့လည် (၁) နာရီ အချိန် ကလောမြို့ ၊ အိုးစည်တောင် တက်လမ်းတွင် ဓါးဖြင့် ထောက်၍ ဆိုင်ကယ် ဓါးမြတိုက်ခံရပြီး ၊ လူငယ်လေးယောက် တို့ပိုင်ဆိုင်သော ဆိုင်ကယ် ၂ စီး၊ ဖုန်းလေးလုံး၊ ပိုက်ဆံများလည်း ပါသွားကြောင်းထို (၁၉) ရက်နေ့မှာပင် ရွှေညောင်မြို့တွင် ဆိုင်ကယ် ၄ စီး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

ထို့ပြင် အောက်တိုဘာ၂၄ ရက်နေ့တွင် အောင်ပန်းမြို့၊လက်မပင်ရပ်ကွက်နေ မနီလာထွေးနှင့်သား နှစ်ယောက်တို့အား ကလောမြို့အပြန် တောင်ရိုးစာပေနှင့်ယဥ်ကျေးမှုရုံးနံဘေး မယ်ခိုတောင်အတက်လမ်း၌အရိပ်ရအပင်တွင်ခေတ္တနားနေစဉ် လူနှစ်ဦး လာပြီး လုယှက်ရိုက်နှက်ကာ ဒဏ်ရာ ပြင်းထန်သဖြင့် မိခင်ဖြစ်သူ ဆုံးပါးခဲ့သော ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုံ – လုယူခံလိုက်ရသည့်ဆိုင်ကယ်

#ppv006
#မှုခင်း
#လုယက်မှု၊
#ရေပြာအိုင်
#ရွာငံ

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *