ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၇၊ ၂၀၂၄
အောင်ပန်းတွင် လုယှက်၊ရိုက်နှက်ပြီး လူကိုပါသတ်သွားသော တရားခံနှစ်ဦးကိုမိတ္ထီလာတွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့၊လက်မပင်ရပ်ကွက်နေ မနီလာထွေးနှင့်သားတို့အား လုယက်ရိုက်နှက်ပြီး မိခင်ကိုပါသတ်သွားသည့်ကျူးလွန်သူ တရားခံနှစ်ဦးကို အောက်တိုဘာ ၂၇ ရက်နေ့တွင် မိတ္ထီလာမြို့၌ဖမ်းဆီးရမိပြီး အောင်ပန်းသို့ ပြန်လည်ခေါ် ဆောင်လာပြီးဖြစ်ကြောင်း သိရသည်။
“အဲလူနှစ်ယောက်ကို မိထ္တိလာမှာ မိပြီး ခုအောင်ပန်းမြို့ ရဲစခန်းမှာ ဖမ်းခေါ်လာပြီ။ ယခု စစ်ဆေးပြီးကွင်းဆက်ကိုလည်း ဆက်လက်ဖော်ထုတ်မယ်။ဆက်လက်ပြီးလည်း အရေးယူသွားမယ်” ဟု ယခုအမှုကိစ္စနှင့် သိသူ တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ၂၄ ရက်နေ့တွင် အောင်ပန်းမြို့၊လက်မပင်ရပ်ကွက်နေ မနီလာထွေးနှင့်သား နှစ်ယောက်တို့အား ကလောမြို့အပြန် တောင်ရိုးစာပေနှင့်ယဥ်ကျေးမှုရုံးနံဘေး မယ်ခိုတောင်အတက်လမ်း၌အရိပ်ရအပင်တွင်ခေတ္တနားနေစဉ် လူနှစ်ဦး လာပြီး လုယှက်ရိုက်နှက်ကာ ဒဏ်ရာအပြင်းအထန်ꩻပြီး ဆေးရုံပို့စဉ်တွင်ပင် မိခင်ဖြစ်သူက ရရှိသောဒဏ်ရာဖြင့် သေဆုံးခဲ့ရကြောင်းသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့တွင်လည်းအောင်ပန်း-ပင်းတယ သွားလမ်းဘက် နောင်စံဖူးလမ်းဆုံအနီး ခြံတစ်ခြံရှိ ခြံစောင့်ကို လူတစ်စုက သတ်ပြီး ပစ္စည်း လုယူသွားမှုလည်း ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
PPV005
ဓာတ်ပုံ-အွန်လ
#လူ့အခွင့်အရေး
#အောင်ပန်း
#မိတ်ထီလာ
#လက်မပင်ရပ်ကွက်
#မယ်ခိုတောင်အတက်လမ်း
#ကလော
#နောင်စံဖူးလမ်းစုံအနီး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။