ခမ်းသားငေါဝ််း
အောက်တိုဘာ ၂၇၊ ၂၀၂၄

တောင်ကြီးမြို့တောင်ဖက်ကျေးရွာအချိူ့ရှိ စိုက်ခင်းထဲတွင် ရေပြန်မကျသေးသဖြင့် ဆောင်းသီးနှံစိုက်ပျိူးမည့်တောင်သူများ အခက်ခဲနှင့် ကြုံတွေ့နေရကြောင်း ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တောင်ဖက်ကျေးရွာအချိူ့ရှိစိုက်ခင်းထဲတွင် ရေပြန်မကျသေးသဖြင့် တောင်သူများ အဓိကကြက်သွန်ဖြူနှင့်အာလူးအပြင် တခြားဆောင်းသီးနှံများ ပြန်လည်စိုက်ပျိူးရန်အတွက် အဆင်မပြေကြောင်းသိရသည်။

” ကျွန်တော့်ခြံထဲဆိုလည်း ရေကရှိနေတုန်းခုထိ၊ ရေရှိနေမှတော့ဘယ်လိုလုပ်ပြီး သီးနှံတွေစိုက်လို့ရတော့မှာလဲ၊ အရင်လတုန်းကသီးနှံတွေလည်း ဟိုဟာပေါ့မိုးကြီးပြီးနောက်ပိုင်းကတည်းစိုက်ခင်းထဲရေတွေလဲဝင်တော့ ပြောရရင်ဆုံးရှုံးရတာတွေမနည်းဘူးလေ၊ အခုချိန်ဆောင်းသီးနှံတွေ စိုက်ရတော့မှာပါဆိုရေကမကျသေးတော့ တစ်မျိူးခက်ပြန်တယ်”ဟုစိုက်ပျိူးရေးလုပ်ကိုင်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ရေချောင်းတစ်လျှောက်ရှိစိုက်ခင်းများတွင်​ ရေတော်တော်များများဝင်ရောက်နေပြီး လက်ရှိချိန်ထိရေပြန်မကျသေးသဖြင့် စိုက်ပျိူးသည့်နူန်းအရင်ကထက်လျော့နည်းလာနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထိုဒေသရှိကျေးရွာအများစုတွင် ရာသီအလိုက်သီးနှံများနှင့် နှစ်ရှည်ပင်များထက်နှစ်တိုသီးနှံများကို စားဝတ်နေရေးအတွက် အဓိကထားစိုက်ပျိူးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

#Photo – CJ
#PPV0012
#စိုက်ပျိုးရေး
#သဘာဝဘေး
#တောင်ကြီးမြို့တောင်ဖက်
#ကျေးရွာအချိူ့ရှိစိုက်ခင်းထဲ
#ရေပြန်မကျသေး
#စိုက်ပျိူးရေးတောင်သူများအခက်ခဲနှင့်ကြုံတွေ့နေရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။