ခမ်းသားငေါဝ်း

အောက်တိာဘာ ၂၄၊ ၂၀၂၄

ပင်လောင်းမြို့-ဖယ်ခုံနယ်စပ်အတွင်း တိုက်ပွဲတွေပြင်းထန်နေပြီး ဗန်းမောက် ကျေးရွာမှာ ရွာအတွင်းစစ်ရှောင်တွေ ပိတ်မိနေပြီး ထွက်လို့ မရသေးဘူးလို့ ဒေသခံထံက သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်‌လောင်းမြို့နယ် ဖယ်ခုံနယ်စပ်အနီး ဗန်းမောက်ကျေးရွာမှာ PNO၊ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာ တစ်လရှိသည့်တိုင်အောင် ယခုလက်ရှိ တိုက်ပွဲ ပြင်းထန်နေပြီး ကျေးရွာအတွင်း ရွာသားတွေလည်းပိတ်မိနေကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့မှာ သိရပါတယ်။

လက်ရှိမှာ (စဲ့ဗွာ )ခေါ် ပအိုဝ်းပြည်သူစစ် PNO မှ ကုန်းလမ်းဘက်ကို ပိတ်ထားလိုက်တဲ့အတွက် ကုန်းလမ်းဖြင့် စစ်ရှောင်လိုသည့် ရွာသားတွေ ပိတ်မိနေတယ်လို့သိရပါတယ်။ ပိတ်ရတဲ့ကြောင်းရင်းကိုလည်း ရွာသားတွေအနေနဲ့သေချာမသိရဘူးလိုဆိုထားပါတယ်။

“အရင်ကတော့ ရေကြောင်းနဲ့စစ်ရှောင်လို့ရတယ်။ အခုက ရေကြောင်းလဲပိတ်သွားပြီ အဲလှေဂိတ်မှာ ဗုံးကြဲလို့ ဘယ်လှေသမားမှ မသွားရဲကြတော့ဘူး။ ကုန်လမ်းကြတော့လည်း အန္တရာယ်ရှိနေတယ်။ သွားတဲ့လူတွေလည်း ခနခန ပျောက်နေတယ် ဘယ်သူမှ မသွားရဲကြတော့ဘူး။ အခုတော့ ဘုန်းကြီးကျောင်းမှာပဲစုနေကြတယ် ” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်၊၊

ထိုပင်လောင်း-ဖယ်ခုံနယ်စပ် အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရရှိသည့်မှာ အတော်ကြာပြီးဖြစ်သည့်အပြင် အဆက်သွယ်လုပ်လို့ပါက လယ်ကွင်းနားထိထွက်ပြီးမှ အဆက်သွယ် လုပ်ရကြောင်းသိရပါတယ်။

“နေ့တိုင်းလိုလို ရွာရဲ့အပေါ်မှာလေယာဉ်က ဝဲနေတာ။ ကြောက်နေတယ်။ သူတို့က လျှောက်ကြဲလိုက်ရင် လူတွေထိမှာ စိုးရိမ်ရတယ်။ သူတို့လျှောက်မကြဲရင်တော့ ဘုန်းကြီးကျောင်းမှာနေရတာလဲ လုံခြုံပါတယ်။” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

ထိုအပြင်ရွာသားအချို့များသည် အဝေးသို့ စစ်ရှောင်ပါကလည်း စားသောက်ရေးပိုင်းအတွက် မရပ်တည်နိုင်သည့်အတွက် ကျေးရွာအတွင်းဘဲ စစ်ရှောင်နေတာမျိုးလည်းရှိကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်မှာလည်း ဗန်းမောက် နမ့်ဖာမူမှာ စစ်ကောင်စီဖက် လက်နက်ကြီးပစ်ခတ်တဲ့အတွက်ရွာအတွင်း ကျရောက်ပြီး ဒေသခံ နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ရ ကြောင်းသိရသည်။

PPV0010
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်‌လောင်းမြို့နယ်
#ဖယ်ခုံနယ်စပ်အနီး
#ဗန်းမောက်ကျေးရွာ
#PNO
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *