ခမ်းသားငေါဝ်း

အောက်တိုဘာ ၂၄၊ ၂၀၂၄

ပင်လောင်းမြို့နယ်ရှိ သစ်ပင်ကောက်ရွာတွင် PNOပြည်သူ့စစ်က ယောက်ျားလေးတိုင်းကို ပြည်သူ့စစ်ထဲသို့ အတင်းမအဓမ္မဝင်ခိုင်းနေပြီး မဝင်ပါက တစ်ရက်တစ်သောင်းခွဲပေးဆောင်ရမည်ဖြစ်ကြောင်း အောက်တိုဘာလ (၂၄)ရက်‌နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက်ရှိ သစ်ပင်ကောက်ရွာတွင် PNOပြည်သူ့စစ်က ယောက်ျားလေးတိုင်းကို ကျေးရွာလုံခြုံရေးဟုဆိုကာ ပြည်သူ့စစ်ထဲသို့ အတင်းအဓမ္မဝင်ခိုင်းနေကြောင်း သိရသည်။

“သစ်ပင်ကောက်က ရွာသားတွေဆို ယောက်ျားလေးအကုန် အဖြူအဖွဲ့(PNO)က သူတို့တပ်ထဲဝင်ခိုင်းတယ် မဝင်ရင်တစ်ရက်တစ်သောင်းတဲ့၊ အဲ့ရွာကပအိုဝ်းရွာပဲဆိုတော့ သူတို့ကအကုန်ခေါ်တာ ဒီဘက်ကတိုက်ပွဲဖြစ်တဲ့နေရာနဲ့လည်းနီးနီးလေးဆိုတော့လေ ရပ်ရွာလုံခြုံရေးလို့ပြောတာပဲ” ဟုဒေသခံ အမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ပင်လောင်းမြို့နယ်တောင်ဘက် မိုးဦး၊ လွယ်ဖွေး၊ နမ့်ဖာမူဖြစ်တွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက်ကြောင့် PNOပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်ကက သစ်ပင်ကောက်ရွာတွင် တပ်စွဲနေရာယူထားကြောင်း သိရသည်။

PNOပြည်သူ့စစ်သည် တိုက်ပွဲဖြစ်ပွားရာဒေသနှင့် အနီးတစ်ဝိုက်တွင်ရှိသည့် ပအိုဝ်းကျေးရွာများကို အသက်(၁၈)နှစ်နှင့် (၄၀)အောက် ယောက်ျားလေးများလည်း ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ မဖြစ်မနေအခြေခံ ပြည်သူ့စစ်သင်တန်းတက်ရောက်စေပြီး လိုအပ်ပါက ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခြင်းများလည်းရှိကြောင်း ဒေသခံများပြောဆိုချက်အရသိရသည်။

photo credit

#PPV007
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#သစ်ပင်ကောက်ရွာ
#PNOပြည်သူ့စစ်
#ယောက်ျားလေးတိုင်း
#တစ်ရက်တစ်သောင်းခွဲပေးဆောင်ရမည်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *