ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၄၊၂၀၂၄
မြန်မာနိုင်ငံတွင် ကလေးငယ် ၄ သန်းကျော် ပညာ သင်ကြားခွင့် ဆုံးရှုံးနေပြီး၊ ကလေးငယ်ပေါင်း ၆ သန်းကျော် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေဟု Unicef ထုတ်ပြန်ချက် အရသိရသည်။
လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေသည့် မြန်မာနိုင်ငံမှ ကလေး ၆ သန်းသည် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၏ အလေးဆုံးဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်လျက်ရှိကြောင်း ယူနီဆက် မြန်မာ ဆိုသည်။
ထို့ပြင် ကလေးငယ် ၄ သန်းကျော်သည် ပညာရေးကို ဆုံးရှုံးနေရပြီး ယခုအခါတွင် တိုက်ခိုက်မှုများတွင် ပစ်မှတ်ထားခံရခြင်း၊ အဓမ္မစုဆောင်းခံရခြင်း၊ နိုင်ထက်စီးနင်း ဖမ်းဆီးထိန်းသိမ်းခြင်း၊ စောစီးစွာ အိမ်ထောင်ပြုခြင်း အပါအဝင် ပြင်းထန်သော ချိုးဖောက်မှုများနှင့် အလွဲသုံးစားပြုမှု အန္တရာယ်များနှင့် ကြုံတွေ့နေရကြောင်း ယူနီဆက်(မြန်မာ) စစ်တမ်းအရ သိရသည်။
COVID-19 ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားခဲ့သော ပြည်တွင်းမငြိမ်မသက်မှုများနှင့် မတည်မငြိမ်ဖြစ်မှုများကြောင့် နိုင်ငံတစ်ဝှမ်းတွင် ကာလကြာရှည်စွာ ကျောင်းပိတ်ခြင်းနှင့် အနှောင့်အယှက်များသည် ကလေးများ၏ ပညာရေးနှင့် အိပ်မက်များကို အနှောင့်အယှက်ပေးရုံသာမက နိုင်ငံ၏ အနာဂတ်စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။
မျိုးဆက်တစ်ခုလုံးသည် စွမ်းဆောင်ရည်ပြည့်ဝသော လုပ်သားများအတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် အသိပညာများရရှိရန် အရေးကြီးသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။
ယူနီဆက် စစ်တမ်းအရ မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအား ပံ့ပိုးကူညီရန် ကန်ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း Unicef ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော် အကြာတွင် အရပ်သားများ နေရပ်နှင့်အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်း၊ စီးပွားရေးကျဆင်းခြင်း၊အခက်အခဲများကြုံတွေ့နေရသည့် ကျန်းမာရေးစနစ်၊မြောက်များစွာသော အသက်မွေးဝမ်းကျောင်းများ ဆုံးရှုံးရခြင်းစသည့် ပဋိပက္ခများ မကြုံစဖူးမြင့်တက်လာခြင်း ဖြစ်ကြောင်း အကြောင်းရင်းများကို ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းနှင့် မုတ်သုန်ရေကြီးရေလျှံခြင်းများအပါအဝင် သဘာဝဘေးအန္တရာယ်များကလည်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် အနောက်ပိုင်းရှိ လူမှုအသိုင်းအဝိုင်းအများအပြားကို ပျက်စီးစေခဲ့ပြီး ရှိရင်းစွဲအခြေအနေကို ပိုမိုဆိုးရွားလာစေကြောင်း ထောက်ပြထားသည်။
၂၀၂၄ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံနီးပါးဖြစ်သော လူဦးရေ ၁၈.၆ သန်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်မည်ဖြစ်ပြီး၊ ကလေးငယ်ပေါင်း ၆ သန်းကျော် တို့သည် မရေရာသော အနာဂတ် ကို ရင်ဆိုင်နေရကြောင်း ယူနီဆက် က ဆိုထားသည်။
စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁.၇ သန်း အပါအဝင် လူပေါင်း ၂ သန်းကျော်သည် ဒေသတွင်း နေရပ် နှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊ ရာခိုင်နှုန်း ၄၀ နီးပါးသည် ကလေးငယ်များ ဖြစ်ကြောင်း UNICEF က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်နီးပါးကြာတဲ့အထိ အရပ်သားတွေ ရွှေ့ပြောင်းခံရမှု၊ စီးပွားရေးပြိုလဲမှု၊ ကျန်းမာရေးစနစ် ရုန်းကန်နေရမှု၊ အသက်မွေးဝမ်းကျောင်းမှု ကျယ်ကျယ်ပြန့်ပြန့် ဆုံးရှုံးမှုတွေနဲ့အတူ မကြုံစဖူး ပြင်းထန်တဲ့ ပဋိပက္ခတွေကို ဆက်လက် မြင်တွေ့နေရပြီး၊ ဆိုင်ကလုန်းနှင့် မုတ်သုံရေလွှမ်းမိုးမှုများ အပါအဝင် ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အနောက်ဘက်တစ်ဝှမ်းရှိ လူမှုအသိုက်အဝန်းများစွာကို ပျက်စီးစေခဲ့သည့် နာဂစ်မုန်တိုင်းများအပါအဝင် လက်ရှိဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်များ၏ အန္တရာယ်များကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားလာစေကြောင်း ထောက်ပြထားသည်။
#ppv006
#လူသားစာနာထောက်ထားမှု
#ကလေး
#ပညာသင်ခွင့်
#ယူနီဆက်
#WhatHappenInMyanmar
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။