ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၅၊ ၂၀၂၄

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ဖမ်းဆီး အမှုဖွင့်ထားကြောင်း စစ်ကောင်စီက အောက်တိုဘာ (၂၄)ရက်မှာ ထုတ်ပြန်ထားသည်။

ဒေါက်တာ နေစိုးမောင်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့ခြင်းကြောင့် အောက်တိုဘာ (၂၃)ရက်က ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်တည်ငြိမ်မှုကိုပျက်ပြားစေရန် အားပေးကူညီသူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မနှင့် အီလက်ထရောနစ် ဥပဒေများဖြင့် အရေးယူမည် ဖြစ်သည့်အပြင် ဖမ်းဆီးခံရသူ၏ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကိုလည်း သိမ်းယူနိုင်သည်ဟု စစ်ကောင်စီထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဒေါက်တာနေစိုးမောင်သည် နဝတ၊ နအဖ ဥက္ကဋ္ဌစစ် အာဏာရှင်ဟောင်း သန်းရွှေ၏ သားမက်၊ နေရွှေသွေးအောင်၏ ဖခင်ဖြစ်ကာ အာဏာရှင် ဦးနေဝင်း လက်ထက်တွင် လည်း ကာကွယ်ရေး ဒုဝန်ကြီး တာဝန်ယူခဲ့သည့် ဗိုလ်ချုပ် တင်စိန်၏ သားလည်း ဖြစ်သည်။

ထို့အပြင် ဒေါက်တာ နေစိုးမောင်သည် စစ်ကောင်စီ အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုသည့် မှတ်ချက်များကို ရံဖန်ရံခါ ရေးလေ့ရှိသူလည်း ဖြစ်ကြောင်း သိရသည်။

photo credit

#PPV0011
#ဒေါက်တာနေစိုးမောင်
#သန်းရွှေသမက်
#အဖမ်းခံရ
#မန္တလေး
#WhatHappenInMyanmar

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။