ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၄၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ကျေးရွာပေါင်း၅၂ ရွာတွင် ရေကောင်းရေကြည် ရရှိရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း ရေကောင်းရေကြည် ရှာဖွေဆောင်ရွက်သော အဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ အစောပိုင်းမှ စတင်ဆောင်ရွက်ခဲ့သော ရေကောင်းရေကြည် ရှာဖွေရေး အဖွဲ့သည် အောက်တိုဘာလ ၂၄ ရက် အထိ အင်းလေးကန် ရှိ ကျေးရွာပေါင်း ၅၂ ရွာတို့တွင် ရေကောင်းရရှိရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦး ပြောပြချက် အရသိရသည်။

“ ဟုတ်ပါတယ် တချို့ရွာတွေက သူ့ဟာနဲ့သူ အဆင်ပြေသွားတယ် ဟို နန်းပန်မြို့လိုမျိုး တချို့ရွာတွေကျန်နေတာရှိပါတယ် ချိတ်ဆက်ဖို့ ခက်နေတာပေါ့ လေးငါရွာထက်တော့ မပိုပါဘူး ”ဟု ရေကောင်းရေကြည် ရှာဖွေရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အင်းလေးဒေသ ရေဘေးသင့်ကျေးရွာများတွင် ချက်ပြုတ်ဆေးကြောသုံး‌စွဲ့သည့် သုံးရေ ရယူရန် ခက်ခဲနေသော ကျေးရွားများအား အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း၏ရေ‌ကြည် ရေကောင်း ရရှိရေးအဖွဲ့မှ
၁။ လက်ရှိ အင်းရေဖြင့်မသုံးစွဲရေ၊
၂။ မဖြစ်မနေသုံးစွဲရမည်ဆိုပါက ရေသန့်ဆေးပြားသုံး၍ သုံးစွဲရေး၊
၃။ အဓိကအားဖြင့်ရပ်ရွာနှင့်အနီးဆုံး ရေတွင်း ရေကန် ရေထွက်များတွင် တရွာလုံးသုံးရန် သွားရောက်ယူငင်ရေး
စသည်များအတွက် လိုက်လံဆော်‌ဩကာ ရေကြည်ရေကောင်းသယ်ယူရေးတွင် သုံးစွဲမည့် စက်သုံးဆီအတွက် ငွေကြေးများမတည်ပေးခြင်းနှင့် ရေသန့်ဆေးပြားများ ဖြန့်ဝေပေးခြင်းစသော လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း တာဝန်ရှိသူထံမှ သိရသည်။

အင်းလေးကန်တွင် မကြုံစဖူး ရေကြီးနစ်မြုပ်ပြီးနောက် ၊ သောက်ရေသုံးရေ ကန်များ ညစ်ညမ်းခဲ့သဖြင့် သောက်သုံးရေ လိုအပ်ချက် မြင့်တက်လာခြင်းကို ဖြေရှင်းနိုင်ရန် ရေကောင်းရေကြည်ဆိုသော နာမည်လေးရွေးချယ်ရင်း အကောင်အထည်ဖေါ်ရန် အဖွဲ့ ဖွဲ့ဖြစ်ခဲ့ကြောင်း သိရသည်။၊

ရေကောင်းရေကြည်၏ အဓိပ္ပါယ်သည် လုံးဝသန့်စင်သော သောက်သုံးရေသန့်မဟုတ်ပဲ နောက် ဆက်တွဲ ကူးစက်ပြန့်ပွားရောဂါကို မဖြစ်စေနိုင်သော ပိုးမွှားကင်းရှင်း၍ သန့်ရှင်းသော ချက်ပြုတ်သုံးစွဲနိုင်ရန် အတွက်ရေ ဟု အဓိပ္ပါယ်ဖွင့်ပါကြောင်း သိရသည်။

အဖွဲ့ ရည်ရွယ်ချက်မှာ ယခုရေပြန်ကျခါစ နဂိုရေ အရင်းအမြစ် ပြန်သုံးစွဲ၍ မဖြစ်သေးသည့် အချိန် ကြားကာလတွင် ဒေသခံများ အနေဖြင့် ရရာရေကို သုံးစွဲရင်းဖြင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ မဖြစ်စေရေးအတွက် ဖြစ်ကြောင်း သိရသည်။

အဓိက ရည်ရွယ်‌ထားသော ကျေးရွာများမှာ ကမ်းစပ်မှ အလှမ်းဝေးသော ရေလယ်ရွာများဖြစ်ပြီး၊ ရည်ရွယ်ချက် မှာ ရေကြည်ရေကောင်း ရရှိဖို့ ခက်ခဲနေသော ရွာများကို အဆင်ပြေစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးစွာပထမ ရေကြည်ရေကောင်း ရရှိနိုင်ရေး နည်းလမ်းရှာဖွေရန် ၊ ရွာမှ နေ့စဉ် သွားရောက်သယ်ယူရန်အတွက် ကုန်ကျမည့် ခရီးစရိတ်များကို ဝိုင်းဝန်းရှာဖွေ ဖြည့်ဆည်းပေးနိုင်ရေးဖြစ်ကြောင်း ၊ အလုပ် လုပ်နေချိန်ကြားကာလနှင့် ရေကြည်ရေကောင်း ရယူရန်ခက်ခဲနေတဲ့ ကျေးရွာများကို ဆေးပြားများ ဖြန့်ဝေခြင်းနှင့် အမှန်တကယ် သုံးစွဲကြဖို့ စည်းရုံးလှုံ့ဆော်ခြင်းများကို လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း ရေကောင်းရေကြည် ရရှိရေး ဆောင်ရွက်နေသော အဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

photo credit
#ppv-006
#ရေကြည်ရေသန့်
#သဘာဝပတ်ဝန်းကျင်
#အင်းလေး
#WhatHappenInMyanmar

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed