ခမ်းသားငေါဝ်း

အောက်တိုဘာ ၂၄၊ ၂၀၂၄

နိုင်ငံတစ်ဝန်းတွင် ဇူလိုင်လ မှ စက်တင်ဘာလအထိ တိုက်ပွဲကြောင့် အရပ်သားပြည်သူ ၁၀၄၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအနည်းဆုံး ၁၃၈၃ ဦး ရှိကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ အောက်တိုဘာ ၂၂ ရက်နေ့ တွင်ထုတ်ပြန်ထားသည်။

အရပ်သားသေဆုံးမှုများတွင် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများရှိသလို အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် လည်းပါဝင်ကြောင်းသိရသည်။

သုံးလအတွင်း စစ်ဆင်ရေးများ နှင့် တိုက်ပွဲဖော်ဆောင်မှု ကြိမ်ရေ ၂၁၀၀ ကျော်ရှိခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ၂၀၀၆ ကြိမ် ရှိခဲ့ကြောင်းဆိုထားသည်။

အဆိုပါသုံးလတာအတွင်း တော်လှန်ရေးအင်အားစုများအနေနဲ့ မြို့ပေါင်း ၁၂ မြို့ ကို ကချင်၊ ရှမ်းမြောက်၊မန္တလေးနဲ့ ရခိုင်စစ်မျက်နှာတွင် သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲမဖြစ်ပွားခဲ့သည့်ဒေသမရှိကြောင်းသိရသည်။

ထို့အပြင် စစ်ရေးလှုပ်ရှားမှုအများဆုံး ဒေသများမှာ ရှမ်းမြောက်၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးဒေသ ဖြစ်ပြီး ရှမ်းမြောက်ဒေသတွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အတွင်း တိုင်းစစ်ဌာနကျရှုံးကာ တိုက်ပွဲဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

PPV 003
ဓာတ်ပုံ-TNLA
#လူ့အခွင့်အရေး
#နိုင်ငံတစ်ဝန်း
#အရပ်သားပြည်သူ
#ဒဏ်ရာရသူ
#ဉာဏ်လင်းသစ်သုတေသနအဖွဲ့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed