ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၃၊ ၂၀၂၄
ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်ကြား ဆောင်လန်ရှိ စက်လှေဂိတ်ကို စစ်ကောင်စီမှ လေယာဥ်နှင့်လာရောက်ဗုံးကြဲသဖြင့် စက်လှေထွက်မရသောကြောင့် စစ်ဘေးရှောင်များ အခက်အခဲကြုံနေရကြောင်းဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်ကြားရှိ ဆောင်လန် စက်လှေဂိတ်ကိုအောက်တိုဘာလ ၁၆ ရက်နေ့ မှစ၍ တစ်ပတ်အတွင်း စစ်ကောင်စီမှလေယာဥ်နှင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံများစစ်ရှောင်ရန် ခက်ခဲနေသည်။
“ မနက်ကတည်းက သူတို့နဲ့ ဆက်သွယ်လို့မရတော့ဘူး။ စာပို့ပြီး ရှောင်ကုန်ပြီ၊၊ စက်လှေဂိတ်ကို ဗုံးကြဲတော့ စက်လှေထွက်မရတော့ဘူး။ ခုခြေနေဆို ကုန်းလမ်းနဲ့ဘဲရှောင်ရမှာဘဲ”ဟု ဒေသခံ တစ်ဦးကပြောသည်။
ကရင်ပြည်နယ်နှင့် ဆက်စပ်သည့် ဖယ်ခုံနှင့် ပင်လောင်းကြားရှိ နောင်ဝိုး၊ ပင်လောင်းတောင်ဘက်ခြမ်းရှိ မိုင်းဖြတ် တို့ကြား တိုက်ပွဲများကြောင့် ဆက်သွယ်ရေးလိုင်းများလည်း ပြတ်ထောက်သဖြင့် ဒေသခံများ၏ အခြေအနေကို သိရှိရန် ခက်ခဲနေကြောင်းနှင့် စစ်ဘေးရှောင်များလည်း အခက်အခဲ များစွာကြုံတွေ့နေရကြောင်း သိသည်။
PPV0013
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#စစ်ရေး
#ဖယ်ခုံ
#ပင်လောင်းမြို့နယ်
#ဆောင်လန်
#စက်လှေဂိတ်
#လေယာဥ်နှင့်လာရောက်ဗုံးကြဲ
#စက်လှေထွက်မရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။