ခမ်းသားငေါဝ်း

အောက်တိုဘာ ၂၃၊ ၂၀၂၄

တောင်ကြီးမြို့၌ ညပိုင်းအချိန်တွင် ဆိုင်ကယ်များအား အစစ်အဆေးကြမ်းနေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဝါးပြားလမ်းဆုံ၊ မြို့မစျေးအနီး ဒလကုန်း နှင့် နီလာရိုးမ နားတို့ ၌ အောက်တိုဘာလ ၁၁ ရက်နေ့မှစပြီး ညပိုင်းအချိန်တွင် ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးမှုများ ရှိနေသည်။

” ဟို ၁၁ ရက် ည ၈ နာရီလောက်အချိန် မှာ ဒလကုန်းနား စစ်နေတာ၊ သူတို့က ဆိုင်ကယ်မောင်းတဲ့လူကိုစစ်တာ၊ တူးဘောက်တွေအစဖွင့်ခိုင်းတယ်၊ အဲ့ညက ၁၀ ယောက်ကျော်လောက်အဖမ်းခံရတယ်၊ ဘာလို့ဖမ်းသွားတာလည်းတော့မသိရဘူး” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ည ၁၂ နာရီမှ မနက် ၄ နာရီအထိညမထွက်ရအမိန့်ရှိသော်လည်း အခုလိုညစောပိုင်းတွေပါ စစ်ဆေးဖမ်းဆီးလာခြင်းကြောင့် ပိုသတိထားကြရန်လိုအပ်ကြောင်း၊ မလိုအပ်ပဲ နဲ့ ညပိုင်းကို အပြင်မထွက်စေလိုကြောင်း ၎င်း ကဆက်ပြောသည်။

တောင်ကြီးမြို့တွင် နေ့ခင်းပိုင်း၌လည်း ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်းနှင့် နှင့် မီးပွိုင့်ဖြတ်မောင်းမှုများကို ထိထိရောက်ရောက်ဖမ်းဆီးအရေးယူမှုများရှိနေကြောင်းသိရသည်။

PPV 003
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#ဝါးပြားလမ်းဆုံ
#မြို့မစျေးအနီး
#ဒလကုန်း
#နီလာရိုးမ
#ဆိုင်ကယ်များအား
#စစ်ဆေးဖမ်းဆီး

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed