ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၁၊ ၂၀၂၄
ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် သီတင်းကျွတ်ကာလ၌ ရွာသူ/သားများညအချိန်ဘုန်းကြီးကျောင်း ဆီမီးထွန်းပူဇော်ရန်အပြင်မထွက်ရဲဘဲစိုးရိမ်ထိတ်လန့်နေ ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက် နေ့က လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် ရွာငံမြို့နယ်အတွင်းခရီးသွားလာမှုကို အရင်ကထက် ပိုမိုပြီးတင်းကြပ်ထားပြီး ၁/ ၂/ ၅/ နှင့် ၈/ (မျဉ်းစောင်း) များ၏ အသွားအလာကို အဓိကထား စစ်ဆေးနေကြကြောင်း သိရှိရသည်။
“အခုဆိုရွာထဲကလူဆိုလည်း အပြင်မထွက်ရဲကြတော့ဘူး ဘုရားမှာလည်းဘယ်သူမှ ဆီမီးမထွန်းရဲတော့ဘူး ဒီနှစ်သီတင်းကျွတ်က ကျနော်တို့ရွာကလူတွေ ကျွတ်တောင်မကျွတ်လိုက်ရဘူးဗျာ” ဟု ဒေသခံတစ်ယောက်က ပြောသည်။
လူသတ်မှုဖြစ်ပွားခဲ့ပြီး နောက်ရက်တစ်နေ့တွင် စစ်ကောင်စီက ရွာထဲကို ကားသုံးစီးဖြင့်လာခဲ့ပြီး သံသယရှိသူ သုံးယောက်ကို ဖမ်းသွားသည်ဟု သိရသည်။
ထိုဖမ်းသွားသည့်သုံယောက်ထဲတွင် တစ်ဉီးသာ ပြန်လွတ်လာပြီး ကျန်သည့်နှစ်ဉီးက ယခုအချိန်ထိဖမ်းထားလျက်ရှိကြောင်းသိရသည်။
“လူသတ်မှူဖြစ်ပွားပြီးခဲ့တဲ့ချိန်မှာဆိုရင် ညနေခင်းကျနော်ထမင်းချက်တဲ့အချိန်မှာပဲ စကစက ရွာထဲမှာ သေနတ်တွေလိုက်ဖောက်တာပဲ အစကသီတင်း ကျွတ်ဗောက်အိုးဖောက်တာပဲထင်နေတာ မဟုတ်ဘူး သေနတ်တွေလာဖောက်တာ”ဟု ၎င်းကဆက်ပြောသည်။
ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်ခန့်တွင် ရွာ၏အုပ်ချုပ်ရေးမှူးလင်မယားအသတ်ခံခဲ့ရကြောင်းသိရသည်။
#ppv015
#Humanright
#ရွာငံ
#သိမ်ကုန်း
#လူသတ်မှု
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။