ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၁၊ ၂၀၂၄

ရေဘေးသင့် အင်းလေးကန် မြောက်ဘက် ရွာသာကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စားနပ်ရိက္ခာ နှင့် သောက်ရေသန့်များ လိုအပ်နေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းညောင်ရွှေမြို့နယ် အင်းလေးဒေသရွာသာကျေးရွာအုပ်စုရှိ ရွာသာ ၊ ကနု ၊ ကန်လှ နှင့် ဝမ်းဘဲအင်း စသောကျေးရွာ ၄ ရွာက စားနပ်ရိက္ခာနှင့် သောက်ရေသန့်များလိုအပ်နေခြင်းဖြစ်သည်။

“အဓိကအားဖြင့် သောက်ရေသန့် လိုအပ်ချက် ရှိသဖြင့် အလှူရှင်တွေ ကိုသာ အားကိုးအားထားပြုနေရတယ်”ဟုရွာတာဝန်ခံ က ပြောသည်။

ရွာသာရွာတွင်လအိမ်ခြေ ၁၂၀ ရှိပြီး တစ်ရက်လျှင် သောက်ရေသန့် ဘူးကြီး ၃၀ ခန့် ကုန်သည့်အတွက် အကယ်၍ လာရောက် လှူဒါန်းမည် ဆိုလျှင် ကျေးရွာသားများက သယ်ဆောင်၍ ရေဘူးများကို လဲလှယ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကနုကျေးရွာတွင် အိမ်ခြေပေါင်း ၁၃၀ ကျော် ရှိပြီး၊ အိမ်ထောင်စုပေါင်း ၁၇၈ စု ရှိကြောင်း၊ ရွာ၏ အနီးပတ်ဝန်းကျင် ရှိ ကျေးရွာများတို့တွင် မွေးထားသည့် ဝမ်းဘဲများ ရေကြီးချိန် ရေစီးဖြင့် မျောပါခဲ့သဖြင့် ပျောက်ဆုံးခဲ့ရာ တစ်ဝက် နီးပါး ခန့် အနည်းငယ်သာကျန်တော့ကြောင်း​သေခံကပြောသည်။

ထို့ပြင် ရွာအနီးရှိ ကြက်ခြံတွင် မွေးထားသော အကောင်ရေ ၄၀၀၀ ကျော် ကြက်များ အားလုံး ရေစီးနှင့် အတူ မျောပါ ပျောက်ဆုံးခဲ့ရကြောင်း သိရသည်။

ကနု ကျေးရွာ နှင့် အနီးပတ်ဝန်းကျင် ရှိ ကျေးရွာများတို့တွင် မွေးထားသော ဝမ်းဘဲ များမှာ အကောင်ရေ ငါးသောင်းကျော်မည် ဖြစ်ကာ ယခုအချိန် ကနု ကျေးရွာတွင် အနည်းငယ်သာကျန်တော့ကြောင်း သိရသည်။

အဆိုပါ ရွာသာ ကျေးရွာအုပ်စု၊ ရွာသာ ကျေးရွာ၊ ကနု ကျေးရွာ၊ ကန်လှ ကျေးရွာ တို့ကို သွားနိုင်ရန် အင်းလေးကန် အနောက်ဘက်သွားလမ်း ပေါင်းပိန်း မရောက်ခင် လယ်တောအိမ် ဆိုင်းဘုတ် အတိုင်း လမ်းညာဘက် ချိုးသွားလျှင် ထိုကျေးရွာများထံ ရောက် ရှိနိုင်ကြောင်း သိရသည်။

#ppv006
#ရှာသာရှာ
#အင်းလေး
#ရေဘေးသင့်
#သဘာဝဘေး
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *