ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၀၊ ၂၀၂၄
ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်အုပ်စုနှင့် ကွန်လုံအုပ်စုတွင် RCSS နှင့် SSPP မကြာခနတိုက်ပွဲဖြစ်ပွားမှုကြောင့် ယခုနှစ်သီတင်းကျွတ် ပအိုဝ်းရိုးရာဘုန်းကြီးကျောင်းတက်ခွင့်မရကြောင်း ဒေသခံထံကသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်အုပ်စုနှင့် ကွန်လုံအုပ်စုတွင် လှုံခြုံရေးကြောင့် ဘုန်းကြီးကျောင်းအား ယခင်ကလိုမျိုးရွာလုံးကျွတ်တက်ခွင့်မရနေပဲ လူကြီးပိုင်းလောက်သာ ဆရာကန်တော့သည့်အနေဖြင့် ဘုန်းကြီးကျောင်းတက် ဆရာကန်တော့ကြရကြောင်း သိရသည်။
“အခုရွာထဲမှာ အကြားအဖွဲ့(RCSS)ကလည်းရှိသလို ဘေးရွာနီးနားမှာလည်း အစိမ်းအဖွဲ့(SSPP)ကရှိနေတယ် ဘုန်းကြီးကျောင်းကိုတော့ အရင်နှစ်တွေလို ရွာလုံးကျွတ်တက်လို့မရတော့ဘူး ကျေးရွာအပြင်ဘက်မှာ မိုင်းဗုံးတွေထောင်ထားလို့ ညနေ နေဝင်ချိန်ကစပြီး မနက် ၆ နာရီကျော်မှ ကျေးရွာလူကြီးတွေပေးသွားတာ” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ပအိုဝ်ႏဒေသတွင် သီတင်းကျွတ်နှင့် တန်ကူး၌ တစ်ရွာပြီးတစ်ရွာ တစ်လလုံးလုံး ဘုန်းကြီးကျောင်းတက်သည့်ဓလေ့ရှိပြီး ယခုနှစ်တွင်တက်ခွင့်မရခဲ့ကြောင်း သိရသည်၊၊
ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် RCSS/SSA ရှမ်းပြည်ပြန်လှည်ထူထောင်ထောင်ရေးကောင်စီအပြင် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊ PNO ပြည်သူ့စစ် စသည့် လက်နက်ကိုင်ပေါင်းစုံ၏ ဆက်ကြေးကောက်ခံခြင်း၊ စစ်သားစုဆောင်းခြင်းများခံနေရကြောင်း သိရသည်။
PPV001
#ရပ်စောက်မြို့နယ်
#ယမ်းတွင်းငါးကြောင်အုပ်စု
#ကွန်လုံအုပ်စု
#လှုံခြုံရေးကြောင့်
#ဆရာကန်တော့သည့်အနေဖြင့်
#ဘုန်းကြီးကျောင်းတက်
#ဆရာကန်တော့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။