ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၉၊ ၂၀၂၄
ယခုနှစ် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီ(၇) ရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဟုဆိုကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ ၏ အထင်ကရ ပွဲတစ်ခုဖြစ်သော တန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲ ပွဲတော်ကို နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟုဆိုသည်။
” အရင်နှစ်ကထက် ပိုစည်ကားအောင်လုပ်သွားမယ်လို့ပြောတယ်၊ ပြီးတော့ လူလည်းအရမ်းများလာတာလေတောင်ကြီးမှာ၊ ဘယ်လိုဖြစ်ဖြစ်အရင်နှစ်ကထက်တော့ပိုစည်မှာပဲ၊ အခုတောင် အဖွဲ့ကိုစီနဲ့ မီးပုံးပျံအတွက် ပြင်ဆင်နေပြီ” လို့ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
သီတင်းကျွတ်လပြည့်ညကလည်း ရွေဘုန်းပွင့်ဘုရား၊ စူဋာမူနိဘုရားနှင့် တန်ဆောင်တိုင်ကွင်းတွင် လူအလွန်စည်ကားခဲ့ကြောင်း သိရသည်။
” သီတင်းကျွတ်လပြည့်နေ့တုန်းကတောင် ရွေဘုန်းပွင့်ဘုရားသွားတာ၊ လမ်းတွေအရမ်းပိတ်နေတော့ ဘုရားတောင်မရောက်လိုက်ဘူး ပြန်ကွေ့ဆင်းရတယ်၊ ညပိုင်းဆိုလည်း စူဋာမူနိဘုရားနဲ့ တန်ဆောင် တိုင်ကွင်းမှာဆို လူအရမ်းစည်တာ” ဟု၎င်း ကဆက်ပြောသည်။
ရှမ်းမြောက် နှင့် ကရင်နီပြည်ဘက်တိုက်ပွဲများဖြစ်ပွားပြီးနောက် တောင်ကြီးမြို့ ကိုစစ်ဘေးတိမ်းရှောင်လာကြပြီး တောင်ကြီးမြို့ တွင်လူများအလွန်စည်ကားလာကြောင်းသိရသည်။
လူဦးရေအလွန်ထူထပ်လာသည့်တောင်ကြီးမြို့ကို သီတင်းကျွတ်လပြည့်နေ့က မြစိမ်းတောင်မှ စပြီး အေးစေတီကုန်းဆင်းအထိ လမ်းကြပ် ပိတ်ဆို့မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။
#PPV 003
#Taunggyi
#တန်ဆောင်တိုင်
#မီးပုံးပျံပြိုင်ပွဲ
#WhatHappenInMyanmar
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။