ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၀၊၂၀၂၄
ရေကြီးမြေပြိုမှုထဲနေအိမ်မျောပါသွားပြီး ပြန်လည်ဆောက်လုပ်ရန်အခက်ခဲရှိသည့် ခေါင်းနွဲ့ရွာ ဒေသခံနေအိမ်များကို KBZ မှနေအိမ် ဆောက်ပေးမည်ဟု သိရသည်၊၊
ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ် ခေါင်းနွဲ့ ရွာတွင် နေအိမ်များရေထဲမျောပါသွားပြီး ပြန် လည်ဆောက်လုပ်ရန် အခက်ခဲကြုံတွေ့နေရသည်။
“ဆောက်ပေးမှာတော့သေချာပါတယ် လုံးဝပြိုတဲ့အိမ်တွေထင်တာပဲ၊ ဆောက်ပေးမဲ့အလုံးရေ အတိအကျတော့ကျနော်တို့လည်းအတိအကျမသိသေးဘူး၊ ဆင်တောင်မှာတောင်အခုဆောက်ပေးနေပြီ”ဟုရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်သတင်းနှင့်ပြန်ကြားရေးမှဆိုသည်။
ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်၊ ရှမ်းတောင် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီမှ ရေဘေးသင့် ဒေသ (၅) နေရာတွင် တစ်လ အတွင်း ကျပ်သိန်းပေါင်း တစ်သောင်းကျော် လှူဒါန်းခဲ့ကြောင်း ကြားသိရသည်။
ရေဘေးသင့် သာစည်မြို့နယ် ဆင်တောင်ရွာနှင့်ခွေးရုပ်ရွာတွင်KBZ မှနေအိမ် ( ၁ ) လုံးလျှင် ( ၅၅ ) သိန်းကျသင့်သော နေအိမ်အဆောက်အဦး ( ၁၄ ) လုံး စုစုပေါင်း ကျပ်သိန်း ( ၇၇၀ )ကို ဆောက်လုပ်လှူဒါန်းပေးနေကြောင်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့ကမိုးသည်း ထန်စွာရွာသွန်းပြီးရေကြီးရေလျှံမူကြောင့်မြေပြိုသဖြင့်ခေါင်းနွဲ့ရွာ နေအိမ်(၂၂)လုံးရေထဲမျောပါ ဆုံးရှုံးပြီးလူ(၇)ဦးသေဆုံးခဲ့ရကြောင်းသိရသည်။
photo credit original
#ppv002
#ရေဘေးသင့်
#ခေါင်းနွဲ့
#KBZ
#ပြန်လည်ထူထောင်ရေး
#လွိုင်လင်
#WhatHappenInMyanmar
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။