ခမ်းသားငေါဝ်း

အောက်တိုဘာ ၂၁၊ ၂၀၂၄

တောင်ကြီးမြို့တွင်အောက်တိုဘာလအတွင်းခရမ်းချဥ်သီးတစ်ပိဿာ ၆၀၀၀ ကျပ်ထိစျေးနူန်းမြှင့်တက်လာကြောင်းဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့တွင်အောက်တိုဘာလ ၁၈ ရက်နေ့ကခရမ်းချဥ်သီးတစ်ပိဿာကို ၄၀၀၀ ကျပ်ရှိရာကနေရက်ပိုင်းအတွင်းမှာပဲ ၆၀၀၀ ကျပ်ထိစျေးမြှင့်တက်လာကြောင်းသိရသည်။

“အရင်ထက်တော့စျေးတက်လာတယ်၊စက်တင်ဘာလတုန်းဆိုတစ်ပိဿာမှ၂၀၀-၃၀၀ထိဘဲ၊ ရေကြီးရေလျှံဖြစ်ပြီးနောက်ခရမ်းချဥ်သီးဈေးတစ်ဖြည်းဖြည်းချင်းတက်လာတယ်၊သူချည်းဘဲတက်တာမဟုတ်ဘူးလေ၊တစ်ခြားသီးနှံတွေရောဘဲတက်တယ်”ဟုကုန်စိမ်းသည်အမျိူးသမီးတစ်ဦးကပြောသည်။

စက်တင်ဘာလတွင်ခရမ်းချဥ်သီးတစ်ပိဿာဈေးအများဆုံး၅၀၀ကျပ်သာရရှိသောကြောင့်လမ်းဘေးတွင်သွန်ပစ်ခဲ့ရပြီးရေကြီးရေလျှံဖြစ်ပြီးနောက်ခရမ်းချဥ်သီးစျေးပြန်တက်လာရခြင်းဖြစ်သည်။

ခရမ်းချဥ်သီးစိုက်တောင်သူတစ်ဦးကလည်း”ခရမ်းချဥ်သီးကမိုးများရင်မိုးဒဏ်မခံနိုင်ဘူးလေ၊အပင်တွေအနာဖြစ်လာတယ်၊အပင်တွေအနာဖြစ်တော့ဆေးဖိုးတွေထပ်ကုန်ပြန်ရော၊နောက်ပြီးအမြန်ခူးရတယ်၊စျေးကွက်ထဲမှာသာစျေးကောင်းရနေတာ”ဟု၎င်းကပြောသည်။

ရှမ်းတောင်တွင်ခရမ်းချဥ်သီးအဓိကစိုက်ပျိူးသည့်ဒေသများမှာအင်းလေး၊ကလော၊အောင်ပန်း၊ပင်လောင်း၊နောင်တရား၊ ညောင်ရွှေစသည့်ဒေသများဖြစ်ကြောင်းသိရသည်။

#Photo-Online
#PPV0012
#တောင်ကြီးမြို့
#ခရမ်းချဥ်သီး
#ဈေးနုန်းမြှင့်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *