ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၁၊ ၂၀၂၄
ဆီဆိုင်မြို့တွင် ရေကြီးရေလျှံမူဖြစ်ပွားပြီးတဲ့နောက်စပါးများ၊ ပြောင်းခင်းများပျက်စီးပြီး စပါးအသစ်ထွက်ပေါ်သည့်အခါ ဈေးများကျဆင်းနေသည့်အတွက်ဈေးထပ်ကျမည်ကို စိုက်ပျိုးတောင်သူများက ကစိုးရိမ်နေကြောင်းသိရသည်။
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် ရေကြီးရေလျှံဖြစ်ပြီတဲ့နောက်စပါးအသစ်ဈေးများ အဆက်မပြတ်ကျနေ သောကြောင့် စပါးစိုက်သောတောင်သူများအတွက်အခက်အခဲရှိနေကြောင်းသိရသည်။
“စပါးဈေးကအခုကျတစ်ထပ်ကျနေတော့ အဒေါ်တို့အတွက်အဆင်မပြေဘူး၊ ရေကြီးပြီးစပါးပျက်တာလဲများ တယ်လေ၊အခုစပါးဈေးပါကျတော့ အရင်းတောင်မရတဲ့အပြင် အရူံးပေါ်နေတယ်၊ဒီတိုင်းသာဆက်သွားရင် စား၀တ်နေရေးကောအကြွေးကောဘယ်လိုလုပ်ရမှန်းတောင်မသိဘူး”ဟု စပါးစိုက်တောင်သူအမျိူးသမီးတစ်ဦးက ပြောသည်။
စပါးအသစ်ဈေးကအရင်ပတ်တွင် တစ်ပိဿာကို ၂၃၀၀ ကျပ်ရပြီး မနေ့ကသွားရောင်းသည့်အခါ တစ်ပိဿာ ၁၅၀၀ ကျပ်ပဲရခဲ့ကြောင်း ဒီလိုသာဆက်တိုက်ကျနေရင် စပါးစိုက်သူအတွက်အဆင်မပြေကြောင်း ၄င်းကပြောသည်၊၊
“သွားရောင်းရင်တောင် ဂိတ်ကြေးကပေးရသေးတယ်၊ ဘယ်လိုလုပ်ပြီးအဆင်ပြေမလဲ”ဟု ၎င်းက ဆက်ပြောသည်။
စပါးကအသစ်နှင့် အဟောင်းတွင် စပါးအဟောင်းကဈေးပိုရပြီးတစ်ပိဿာ ၂၅၀၀ ကျပ်ရကြောင်းသိရသည်၊၊
” ဘယ်လိုပဲပြောပြောအခုဆိုဆန်တစ်အိတ်တစ်သိန်းသုံးသောင်းတောင်ပေး၀ယ်ရတယ်လေစပါးရောင်းတာနဲ့ဆန်ကိုပြန်၀ယ်ရတာကမတန်ဘူး” ဟု၄င်းကဆက်ပြောသည်။
ဆီဆိုင်မြို့တွင်ရေကြီးရေလျှံမူကြောင့် စား၀တ်နေရေးခက်ခဲရသည့်အပြင် စပါးဈေးပါကျနေခြင်းကြောင့် ဘယ်လိုမှ အဆင်မပြေကြောင်းနှင့်စပါးဈေးများအဆက်မပြတ်ထပ်ကျပြီး အရင်ကထပ်ပို၍စား၀တ်နေရေးခက်ခံဲလာမည်ကို စပါးစိုက်ပျိုးတောင်သူများက စိုးရိမ်နေကြောင်းသိရသည်။
PPV0014
#ဆီဆိုင်မြို့
#ရေကြီးရေလျှံမူ
#စပါးများ
#ပြောင်းခင်းများ
#စပါးအသစ်ထွက်ပေါ်သည့်အခါ
#ဈေးများကျဆင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။