ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၀၊ ၂၀၂၄

လွိုင်လင်မြို့နယ် ရေဘေးသင့်ပြည်သူများကို မြေယာပေးအပ်မည်ဟု စစ်ကောင်စီ၏အလယ်ပိုင်းတိုင်း တိုင်းမှူးကတိပေး ထားကြောင်း ဒေသခံများထံသိရသည်။

ရှမ်းပြည်တောင်ပိုင်းလွိုင်လင်မြို့နယ်တွင် အောက်တို ဘာလ ၁၄ ရက်၌ စစ်ကောင်စီတပ် အရှေ့အလယ်ပိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူးက ရေဘေးသင့်သည့် ခေါင်းနွဲ့၊ အေင်ခေတ်နှင့် နောင်နေင်းကျေးရွာဒေသခံလူထုနှင့်တွေ့ဆုံပြီး ထိုသို့ကတိပေးလိုက်ကြောင်းဒေသခံထံ သိရသည်၊၊

“ဟိုနေ့က တိုင်းမှူးလာသွားတယ်ပေါ့နော် အခက်အခဲရှိတာတွေကို တောင်းဆိုလို့ရတယ်ပြောကြတယ်ပေါ့နော်၊ ကျနော်တို့ကလည်းလိုအပ်မယ့်အရာတွေကို တောင်းဆိုကြတယ်ပေါ့၊ ဒါမဲ့အဓိကကတော့ ကျနော်တို့ရေဘေးသင့်တဲ့ရွာတွေကို မြေနေရာ စီစဉ်ပေးမယ်တော့ ပြောသွားတယ်” ဟု ဒေသခံတစ်ဦးထံ သိရသည်။

နောင်နေင်းနှင့် အိမ်ခေတ်ကျေးရွာတို့အတွက် ပင်လုံနှင့်လွိုင်လင်မြို့ကြားက မြေနေရာကိုလျာထားပြီး ခေါင်းနွဲ့ကျေးရွာပြည်သူအတွက် မိုင်းပွန်အနီးနားတဝိုက်ရှိ မြေနေရာကို လျာထားကြောင်း သိရှိရသည်။

ခေါင်းနွဲ့ရွာ၊ အေင်ခေတ်နှင့် နောင်နေင်းရွာတို့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်က ရေကြီးမြေပြိုမှူဖြစ်ပွားပြီး လူသေဆုံးမှုနှင့်နေအိမ်အများအပြားဆုံးရှုံးဆုံးမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရေကြီးမြေပြိုထားသည့်နေရာများကို ဒေသခံရွာသားများ ပြန်လည်နေထိုင်ရန် မဝံ့မရဲကြောက်နေကြသလိုနေအိမ် ပြည်လည်ဆောက်လုပ်ရန်လည်းအခက်ခဲရှိကြောင်းသိရသည်။

#ppv015
#လွိုင်လင်
#ရေဘေးသင့်
#အေင်ခေတ်
#ခေါင်းနွဲ့

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *