ခမ်းသားငေါဝ်း
အောက်တိုဘာ၁၉၊ ၂၀၂၄

ရေကြီးရေလျှံဖြစ်ပြီးမြေပြိုမူထဲ နေအိမ်မျေားပါ ပျက်ဆီးဆုံးရှုံးသွားသည့်ခေါင်းနွဲ့ရွာ ဒေသခံများပြန်လည်ထူထောင်ရေးအတွက် သွပ်၊ အိမ်တိုင်၊ အကာအရံများလိုအပ်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း‌လွိုင်လင်မြို့နယ် ခေါင်းနွဲ့ရွာတွင် နေအိမ်ပျက်စီးသွားသည့်သူများ ပြန်တည် ဆောက်၍မရသေးဘဲ တချို့ကဘုန်းကြီးကျောင်းတွင်နေပြီး တစ်ချို့ကရွာထဲရှိအိမ်နှင့်အတူနေသလို၊တချိူ့ကဆွေမျိူးအိမ်တွင်လိုက်နေကြပြီး ၊မိုးအရမ်းရွာလျှင် ဘုန်းကြီးကျောင်းသို့လာအိပ်ကြရကြောင်းသိရသည်။

“‌အိမ်ပျက်စီးသွားတဲ့လူတွေအတွက်နေအိမ်ပြန်ပြီးတည်ဆောက်ဖို့ခက်ခဲနေသေးတယ်၊အခုကမိုးရွာရင်ရေပြန်ကြီးလိုက်အဲလိုဖြစ်နေတော့ဘာမှလုပ်လို့မရဘူး၊ လမ်းတွေကောင်းကောင်းသွားလာရဖို့အတွက်လုပ်နေတယ်၊ရွာမှာရှိတဲ့လူတွေရဲ့နေအိမ်ကိုပြန်လည်ထူထောင်ရေးလုပ်ဖို့ အတော်စဉ်းစားယူရတယ်”ဟု ခေါင်းနွဲ့ဘုန်းကြီးကျောင်းဆရာတော်က ခမ်းသားငေါဝ်း ကိုမိန့်ကြားသည်။

ခေါင်းနွဲ့ရွာတွင်ကျောင်းသွားသည့်လမ်းများကရေချောင်းဖြစ်‌နေသေးပြီး ကလေးများအန္တာရယ် ဖြစ်မည်ဆိုးသည့်အတွက် မိုးရာသီတွင် ကျောင်း၌စာသွားသင်၍အဆင်မပြေသေးဘဲ ဘုန်းကြီးကျောင်း တွင်အရင်ဆုံး စာသင်ပေးနေကြောင်းသိရသည်။

ရေကြီးရေလျှံမူကြောင့်ရွာ၏ ရေတွင်းနှင့်အဝိစီတွင်းများသုံး၍မရတော့သည့်အတွက် ရွားသားများပြန်လည်ရှင်းလင်းရာ နှစ်တွင်းသုံးတွင်း သန့်ရှင်းသွားသည့်အတွက် သောက်ရေအဆင်ပြေသွားကြောင်းသိရသည်။

ပျက်စီးသွားခဲ့သည့်လယ်ယာများ ပြန်လည်စိုက်ပျိုး၍ အဆင်မပြေသေးဘဲ စား၀တ်‌နေရေးအတွက်ခက်ခဲမူရှိနေပြီး လတ်သလောစား၀တ်နေရေးကိုဘုန်းကြီးကျောင်းက ခွဲပေးနေကြောင်းသိရသည်။

“ရွာမှာတော့ပျက်စီးသွားတဲ့အိမ်အတွက်လာလှူတာတော့ရှိတယ်၊ဘယ်လောက်လဲဆိုတာတော့ဘုန်းဘုန်းမသိဘူး၊ အခုအလှူရှင်မရောက်တော့တဲ့အတွက် အရင်ကရွာအသုံးပြုဖို့အတွက်ဆိုပြီးလှူထားတဲ့ဟာတွေထဲကနေ အဆင်ပြေအောင်ခွဲပေးနေတယ်၊ဟင်းသီးဟင်းရွက်ကတော့ရွာထိလာရောက်တဲ့လူရှိတော့ဈေးကြီးပေမဲ့အဆင်ပြေတယ်”ဟုဆရာတော်က ဆက်မိန့်ကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့တွင်မိုးသည်း ထန်စွာရွာသွန်းပြီးရေကြီးရေလျှံမူကြောင့်မြေပြိုသဖြင့်ခေါင်းနွဲ့ရွာ နေအိမ်(၂၂)လုံးရေထဲမျောပါ ဆုံးရှုံးပြီးလူ(၇)ဦးသေဆုံးခဲ့ရကြောင်းသိရသည်။

ခေါင်းနွဲ့ရွာတွင်ရေဘေးကြောင့်လူနှင့်နေအိမ်များစွာဆုံးရူံးသည့် စားဝတ်နေရေးအတွက် အဓိကစိုက်ပျိုးသည့်ထောပတ်ခြံများလည်း ပျက်စီးဆုံးရူံးသွားသည့်အတွက် စား၀တ်နေရေးအတွက်နှင့်ပြန် လည်ထူထောင်ရေးအတွက်အခက်အခဲရှိကြောင်းသိရသည်။

#ppv014
#ပြန်လည်ထူထောင်ရေး
#ရေဘေး
#ခေါင်းနွဲ့ရွာ
#အခက်ခဲ

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။