ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၈၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာ၌ အမျိုးသား ၂ ဦး လက်နက်ကြီးတစ်လုံးဖြုတ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီးသေဆုံးသွားကြောင်း TNLA ကထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀း၀၀ အချိန်တွင် တိုက်ပွဲအတွင်း မပေါက်ကွဲသေးသည့် ၆၀ မမအမျိုးအစား ဗုံးသီးတစ်လုံးအတွင်းရှိ ယမ်းမှုန့်များကို ထုတ်ယူရန်ဖြုတ်နေစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပွဲချင်းပြီးသေဆုံးသွားသည့် အမျိုးသား (၂)ဦးသည် ပန်ခါးကျေးရွာတွင် နေထိုင်သည့် ခွန်ဂျာချောင် အသက် (၂၇)နှစ်နှင့် ခိုမုန်းကျေးရွာတွင် နေထိုင်သည့် ဦးညီထွမ်း အသက် (၆၀)နှစ်တို့ ဖြစ်ကြောင်းသိရသည်။

ထို့အတူ ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ကလည်း နမ့်ဖတ်ကာတွင် အမျိုးသားတစ်ဦး မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံးကို ယူဆော့မိရာမှ ပေါက်ကွဲမှုဖြစ်ကာ သေဆုံးသွားခဲ့ပြီးမေလ ၁၃ ရက်နေ့လည်း မပေါက်ကွဲသေးသည့် မိုင်းကို ကလေးများက ယူဆော့ရာမှ ပေါက်ကွဲ၍ ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

#PPV 003
#နမ့်ဖက်ကာ
#ရှမ်းမြောက်
#Humanright
#WhatHappenInMyanmar

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *