ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၅၊ ၂၀၂၄

အင်းလေးကန် တောင်ကျရေများကြောင့် ရေများညစ်ညမ်းမှုဖြစ်နေပြီး အင်းရေကိုသာသုံးနေရသည့် ‌ဒေသခံများ အရေပြားယားယံမှုဖြစ်သောကြောင့် ဆေးဝါးများအကူအညီလိုအပ်နေကြောင်းအောက်တိုဘာလ(၁၅)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် စက်တင်ဘာလဒုတိယပတ်တွင် ယာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုစတင်ဖြစ်ပွားခဲ့ပြီး တောင်ကျရေများကြောင့်အင်းလေးကန်ရှိ ရေများညစ်ညမ်းသွားခဲ့ရသည်။

“ရေကတောသိတဲ့အတိုင်းပဲလေ အင်းလေးကန်ရေကအကုန်လုံးညစ်ပတ်သွားပြီဆိုတော့ သောက်သုံးရေတွေ ချက်ပြုတ်တဲ့ရေတွေကအဆင်မပြေတော့ဘူး၊ ချိုးရေလေးတစ်ခုပဲသုံးလို့ရတယ်ဆိုပေမဲ့ ယားယံခြင်းတွေကတော့ ဖြစ်တာပေါ့ အဓိကဖြစ်တာက ကုန်းမပေရေမပေရှိတဲ့ရွာတွေဘက်မှာ (ကုန်းမဟုတ်ရေမဟုတ်သည့်ရွာများအားဆိုလိုခြင်း)အဖြစ်များကြတယ်” ဟုအင်းလေးဒေသခံ အမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

အရေပြားယားယံခြင်းသည် ကလေးသူငယ်တွေမှာ အဖြစ်များကြပြီး လက်ရှိအချိန်၌ ဆေးဝါးအလှူရှင်များ လာရောက်မှုနည်းပါးသောကြောင့် ရှိတဲ့ယားယံလိမ်းဆေးတွေနဲ့သာ ဖြေရှင်းနေကြကြောင်း သိရသည်။

“လက်ရှိကတော့ ယားယံခြင်းတွေဖြစ်ရင် ယားနာလိမ်းဆေးတွေပဲလိမ်းကြတယ်၊ တာမဲ့ဆေးဝါးတွေလည်းအခက်အခဲရှိကြတော့ အဆင်မပြေကြတာများတယ် အလှူရှင်တွေကလည်း ဆေးဝါးတွေလာလှူပေးတာမျိုးတော့ မရှိသေးဘူးဒီဘက်မှာက”ဟု ၎င်းကဆက်ပြောသည်။

အင်းရေညစ်ညမ်းမှုများကြောင့် ဒေခံများအတွက် သောက်သုံးရန်ရေနှင့် ချက်ပြုတ်ရန်အတွက် ရေလည်း အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

လက်ရှိအချိန်တွင် အင်းလေးဒေသ၌ အင်းရေအနဲငယ်ပြန်ကျလာပြီဖြစ်သော်လည်း ဒေသခံအများစုက ရေဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

#PPV007
ဓာတ်ပုံ- အွန်လိုင်း
#သဘာဝဘေး
#ညောင်ရွှေမြို့နယ်
#အင်းလေးဒေသ
#ယာဂီမုန်တိုင်း
#ရေကြီးရေလျှံမှုစတင်ဖြစ်ပွား
#တောင်ကျရေ
#အင်းလေးကန်
#ရေများညစ်ညမ်းသွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *