ခမ်းသားငေါဝ်း

အောက်တိုဘာ ၁၄၊ ၂၀၂၄

အီနိုင်းရွာကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံး(၇)လုံးကျဲ တိုက်ခိုက်ရာ လူသေဆုံးမှု၊ ဒဏ်ရာရရှိမှုအပြင် နေအိမ်၊ ဘုရားကျောင်း၊ ခန်းမဆောင်နှင့် မူကြိုကျောင်း ပျက်စီးခဲ့ကြောင်း အောက်တိုဘာ(၁၄)ရက်တွင် သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အီနိုင်းရွာကို စစ်ကောင်စီမှ အောက်တိုဘာ(၁၄)ရက် ည(၁၂:၁၀)မိနစ် အချိန်တွင် ဗုံးကျဲ တိုက်ခိုက်ရာ အမျိုးသား (၃)ဦး သေဆုံးပြီး ကလေးငယ်(၁)ဦးနှင့် အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။

“ရွာက လားရှိုးမြို့နဲ့တော့ နည်းနည်းဝေးသေးတယ်။ စစ်တပ်က ဒီလိုပဲ လုပ်နေတာ ထိခိုက်တာက ကျွန်မတို့ပြည်သူတွေပါ။ အစကတည်းဆင်းရဲကြတာ အခုဆို နေစရာအိမ်တောင် မရှိတော့ဘူး။ အခုက လူကြီးတွေပဲ မဟုတ်ဘူး ကလေးပါ စိတ်ထိခိုက်ကြတယ်” ဟု ရွာခံတစ်ဦးက ပြောသည်။

လားရှိုးမြို့ကို (MNDAA) ထိန်းချုပ်ပြီးနောက် စစ်ကောင်စီမှ လေ‌ယာဉ်ဖြင့် စစ်ရေးပစ်မှတ် မဟုတ်သည့် နေရာများတွင် အကြိမ်ကြိမ်ဗုံးကျဲ တိုက်ခိုက်မှုတွေကြောင့် ပြည်သူ အများအပြား သေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရရှိမှု၊ နေအိမ်၊ဟိုတယ်၊ အဆောက်အဦးများ၊ ဘုးရားကျောင်းတို့ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကြောင်း သိရသည်။
PPV0011
ဓာတ်ပုံ-Crd
#လားရှိုးမြို့
#အီနိုင်းရွာ
#လေယာဉ်ဖြင့်ဗုံးကျဲ
#လူသေဆုံးမှု
#ဒဏ်ရာရရှိမှုအပြင်
#နေအိမ်
#ဘုရားကျောင်း
#ခန်းမဆောင်
#မူကြိုကျောင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။