ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၃၊ ၂၀၂၄
ရပ်စောက်မြို့နယ် SSPP/SSA တပ်စွဲထားသည့်ဒေသတွင် လှုံခြုံရေးတာဝန်ယူပေးမည့်သူမရှိသောကြောင့် သန်းခေါင်စာရင်း မကောက်ယူနိုင်ကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်အုပ်စု ထီတဖြေ၊ ကောင်ထို၊ ကောင်တန်၊ လုတ်ခဲ၊ ထီးခါး၊ လွယ်တန်း၊ နားအုံ ရွာသစ် တို့တွင် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့ရှိသည့်အတွက် သန်းခေါင်စာရင်း မကောက်ယူနိုင်ကြောင်း သိရသည်။
“အစိမ်း (SSPP/SSA)အဖွဲ့တွေ တပ်စွဲထားလို့ သန်းခေါင်စားရင်းကောက်လို့မရဘူး အဲ့ဖက်ကျေးရွာတွေက ကျေးရွာလူကြီးတွေလည်း လှုံခြုံရေးမပေးနိုင်လို့ မကောက်နိုင်ဘူး” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ရွာသားများအနေနှင့် သန်းခေါင်စားရင်းအား ကောက်စေချင်ကြပြီး သန်းခေါင်စာရင်းကောက်သည့် ဝန်ထမ်းများက မလာရဲကြခြင်းဖြစ်နေကြောင်း ၎င်းကဆက်ပြောသည်။
ရပ်စောက်မြိုနယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ မကြာခနတိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး PNO ပြည်သူစစ်နှင့် စစ်ကောင်စီတပ်ဖွဲ့များလည်းရှိနေကြောင်း သိရသည်။
PPV001
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ရပ်စောက်မြို့နယ်
#ယမ်းတွင်းငါးကြောင်အုပ်စု
#ထီတဖြေ
#ကောင်ထို
#ကောင်တန်
#လုတ်ခဲ
#ထီးခါး
#လွယ်တန်း
#နားအုံရွာသစ်
#SSPP/SSA
#ရှမ်းပြည်တိုးတက်ရေးပါတီ
#သန်းခေါင်စာရင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။