ခမ်းသားငေါဝ်း
အောက်တိုဘာလ ၁၂၊ ၂၀၂၄

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ဇာတ်စုရပ်ကွက်နှင့် သီပေါအကျဉ်း ထောင်အတွင်း အောက်တိုဘာ ၁၀ ရက်နေ့က စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်၍ ထောင်အဆောက်အဦးနှင့်နေအိမ် ၇ လုံးပျက်စီးခဲ့ ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်က ပြည်သူလူထုကို ဦးတည်ပြီး ဂျက်ဖိုက်တာဖြင့် ဖြတ်အားပြင်းလက်နက်အမျိုးအစားဖြစ်သည့် ပေါင် (၅၀၀)ဗုံး (၃)လုံး လာရောက်ကြဲချခဲ့ပြီး နေအိမ်အများအပြားပျက်စီးသွားခဲ့သည်။

ထို့အပြင်တိုက်ပွဲဖြစ်ပွားသည့် ခလရ-၂၃ တပ်အနီးတစ်ဝိုက်တွင်လည်း အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၆း၃၀ အချိန်မှ ၇း၃၀ အချိန်အထိ စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် ဗုံးအလုံး (၄၀) နီးပါးနှင့် နေ့လယ် ၁း၃၀ အချိန်မှ ၂း၃၀ အချိန်ထိ ဗုံးအလုံး (၄၀)ကျော် လာရောက်ကြဲချခဲ့ပြီး နမ့်လန်အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ကလည်း လက်နက် ကြီး(၁၀)လုံးကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဆိုသည်။

အလားတူ နောင်ချိုမြို့နယ် အင်းဖိုကျေးရွာတွင် အောက်တိုဘာလ ၉ ရက်နေ့ နံနက် (၁၀း၀၀)အချိန်ကစစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် (၆း၃၀) အချိန်တွင်လည်း ဘန့်ဘွေရှိစစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် ဆက်လက်တိုက်ခိုက်ပစ်ခတ်ခဲ့ကြောင်း TNLA ကဆိုထားသည်။

ထိုသို့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးကာ လူထုနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရပြီး စစ်ကောင်စီတပ်သည် ပြည်သူလူထု၏ အသက်အိုးအိမ်များ သေကြေပျက်စီးစေရန် စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာများတွင် နေ့စဥ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း TNLA မှဆိုထားသည်။

#PSLF/TNLA
#ppv002
#လေကြောင်းတိုက်ခိုက်
#သီပေါ
#Humanright
#ရှမ်းမြောက်
#WhatHappenInMyanmar

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed