ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၂၊ ၂၀၂၄

မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် လွိုင်လင်မြို့ ကားလမ်းပေါ် ရေလွမ်းပြီး သွားလာမှုခက်ခဲကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ် တောင်ပိုင်းလွိုင်လင်မြို့တွင် အောက် တိုဘာလ ၁၁ ရက်နေ့က မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းပေါ် ရေလွမ်းပြီး မီးသတ်ကားဖြင့် စုပ်ထုတ်နေရကြောင်းသိရသည်။

“မိုးရွာထားတော့ ရေတွေက စပြီးတက်လာတာလေ အခုကျနော်တို့ ဆိုင်ကယ်တွေ ကားငယ်တွေအနေနဲ့ဆို သွားလို့တော့အဆင်မပြေဘူး ရေက တော်တော်လေးတက်တော့လေ ကားကြီးပဲဆင်ပြေတယ်ဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်တွင် လွိုင်လင်မြို့၌ မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် ရေများကားလမ်းမပေါ်တက်လာပြီး ကားများသွားမရသည့်အတွက် လမ်းများပိတ်ထားရခဲ့ကြောင်းသိရသည်။

#ppv015
#ရေကြီး
#လွိုင်လင်
#သဘာဝဘေး

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။