ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၂၊ ၂၀၂၄

ကျေးသီးမြို့နယ် ကျေးရွာအများစုတွင် သန်းခေါင် စာရင်း ကောက်ယူသည်ဟုပွင့်ပွင်းလင်းလင်းမပြောဆိုဘဲ အိမ်ထောင်စုအချက်အလက်ကောက်ယူနေကြောင်းစုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်ရှိ ကျေးရွာများတွင် အောက်တိုဘာလ (၇/၈/၉)ရက်က အိမ်ထောင်စုအချက်အလက်ကောက်ယူနေကြောင်း ဒေသခံထံမှ သိရသည်။

“သန်းခေါင်စာရင်းလာကောက်တယ်လည်း မပြောဘူး။ သူတို့ပြောတာတော့ စစ်မှုထမ်းဖို့ လာကောက်တာလည်း မဟုတ်ဘူး။ လဝကရုံးမှ လိုအပ်သော အချက်အလက်ကို လာကောက်တာ”ဟု စာရင်းပေးခဲ့ရသူ ဒေသခံက ပြောသည်။

အိမ်ထောင်စုအချက်အလက် ကောက်ယူရာတွင် မိသားစု အရေအတွက်၊ အိမ်ပိုင်ဆိုင်မှု၊ အိမ်အမျိုးအစား၊အလုပ်အကိုင်၊ အသက်အရွယ် စသည့် အကြောင်းအရာများကို စာရင်းပေးရကြောင်း သိရသည်။

ထိုအိမ်ထောင်စု အချက်အလက် ကောက်ယူရာတွင် ကျောင်းဆရာမနှင့် အခြား Volunteer များ လာရောက်ကောက်ယူကြောင်း သိရသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မြန်မာတနိုင်ငံလုံး၏ သန်းခေါင်စာရင်းကို အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်ထိ ကောက်ယူရန် စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီ၏ လဝက ဝန်ကြီး ဦးမြင့်ကြိုင်ကလည်း တိုက်ပွဲဖြစ်ပွားသည့်ဒေသတွင်လည်း လုံခြုံရေး တိုးမြှင့်ပြီး အချိန် (၃)လအထိ သန်းခေါင်စာရင်း ကောက်ယူမည် ဖြစ်ကြောင်း ပြောဆိုထားသည်။

#PPV011
#သန်းခေါင်စာရင်း
#ကျေးသီး
#ရှမ်းတောင်
#ရွေးကောက်ပွဲ
#WhatHappenInMyanmar
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။