The People’s Voice – ခမ်းသားငေါဝ်း

အချက်အလက်စစ်ဆေးခြင်း

အောက်တိုဘာလ ၇ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်သည် ဗုဒ္ဓဘာသာကို စော်ကားသည့် ဖြစ်စဉ်များကို ကျူးလွန်ခဲ့ခြင်း၊ မန္တလေးက သံဃာများကို ရိုက်နှက် ဖမ်းဆီးထောင်ချခဲ့ခြင်းတို့ကြောင့် အကုသိုလ်အကျိုးပေးပြီး ကွယ်လွန် ရခြင်း ဟု ဒေါက်တာ ဇော်မြင့်မောင်၏ စျာပန ပုံနှင့်အတူ တယ်လီဂရမ် ချန်နယ်များ၌သတင်းမှား ဖြန့်ဝေထားပါသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တို့တွင် “အစိုးရရုံးတွေမှာ ဘုရားစင်ဖြုတ်ချခိုင်း ခဲ့တဲ့ မန္တလေး ရှောင်းသီး။ ဇာတိမာန် သီချင်းတွေ မဆိုရတဲ့မန္တလေးရှောင်းသီး။ မန္တလေး အစားငတ်ခံသပိတ်ရဟန်း သံဃာ တွေကို ညသန်းခေါင်းမှာရိုက်နက်ဖမ်းဆီးပြီး အိုးဘိုထောင်ချက်ချင်းပို့ခဲ့ မန္တလေးရှောင်းသီး။ရှောင်းသီး။ “ ဟု မဟုတ်မမှန် သတင်းမှား ဝါဒဖြန့် ထားပါသည်။ ဒီသတင်းကို အောက်တိုဘာ၇ရက်နေ့ စစ်ကောင်စီ၏ လောင်ဘီ အကောင့် “Truth Media” နှင့် နေပြည်တော် တယ်လီဂရမ် ချန်နယ်များတွင် ဒေါက်တာ ဇော်မြင့်မောင် ၏ စျာန်ပနာ ပုံနှင့်အတူ ဝါဒဖြန့် ထားပြီးပါသည်။

သတင်းအမှား-တယ်လီဂရမ် ချန်နယ် လင့် –
https://archive.ph/ckDQj
ထို့အကြောင်းအရာကို Truth Media ချန်နယ် တွင် ကြည့်ရှုသူ ၂၄၀၀၀ဦး ရှိထားပြီး လိုက်ခ် နှင့် ရီအက်ပြုလုပ်သူ ၂၁၈ဦး၊ကော့မန်၂၃ဦး နှင့် နေပြည်တော် ချန်နယ် တွင် ကြည့်ရှုသူ ၄၇၀၀၀ ဦး၊ လိုက်ခ် နှင့် ရီအက်ပြုလုပ်သူ ၁၃၈ ဦး နှင့် ကော့မန်၁၂ဦး အထိ ရှိနေပြီးဖြစ်ပါသည်။
ထိုသတင်းအမှားဝါဒဖြန့်မီဒီယာသည် Truth Media အပြင် တခြား တယ်လီဂရမ်ချန်နယ်တွင်လည်း ဖြန့်ဝေထား သည်ကို တွေ့ရ သည်။

သတင်းစစ်ဆေးချက်
Google နှင့် Facebook တွင် “ဒေါက်တာ ဇော်မြင့်မောင် ဆေးကုသခွင့်မရ” ဟု စာသားဖြင့်ရေးသားရှာဖွေကြည့် ၍ BBC , rfa နှင့် DVB News သတင်း မီဒီယာတို့၌ သတင်းရေးသားဖော်ပြထားပါသည်။

BBC သတင်းဌာန မှ အောက်တိုဘာလ ၇ ရက်မှာ ကွယ်လွန်ခဲ့သည့် ဒေါက်တာဇော်မြင့်မောင်သည် မြန်မာ ပြည်သူများ မျှော်လင့် တောင့်တသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ထွန်းကားရေး ကာလအခြေအနေနဲ့ ကိုက်ညီရန် အင်မတန် ခက်ခက်ခဲခဲ လုပ်ငန်းများ ကို ကြိုးပမ်းခဲ့ရကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ် အမှုဆောင် ဒေါက်တာမျိုးညွန့်က ‘‘လူ့အခွင့်အရေးအရဆေးကုသခွင့်တွေဆုံးရှုံးခဲ့ရတဲ့အတွက် ဆရာဖမ်းဆီးခံရတဲ့နေ့ဟာ ဆရာ့အတွက်သေမိန့်ကျတဲ့နေ့ပဲလို့ ကျွန်တော်တို့ဝမ်းနည်းစွာ မှတ်ယူခဲ့ပါတယ်။ ဒီအယူအဆဟာ မှန်ကန် ကြောင်း အခုတော့ ဆရာအသက်နဲ့ သက်သေပြသွားခဲ့ပါပြီ’’ လို့ အောက်တိုဘာ ၇ရက်နေ့ တွင် BBC သတင်းဌာန မှ သိရှိရပါသည်။

သတင်းအပြည်အစုံဖတ်ရန်- https://archive.ph/PStRn

ထို့အပြင် BBC သတင်းဌာန မှ ဒေါက်တာဇော်မြင့်မောင်ဟာ နှစ်ပေါင်း ၂၀ နီးပါး ထောင်ဒဏ် ချမှတ် ခံရ သော်လည်း ဒီမိုကရေစီအရေး ဆောင်ရွက်ခဲ့သူလို့ဆိုပြီး ဒေါက်တာ မျိုးညွန့် ၏ ပြောစကားကို သိရှိရပါသည်။
ဗီဒီယို လင့်- https://archive.ph/azsOw
RFA မီဒီယာ ဌာန မှာ “ဒေါက်တာ ဇော်မြင့်မောင်ဟာ အကျဉ်းစံဘ၀မှာ လူမဆန်၊ အဆင့်နိမ့်စွာနဲ့ နေခဲ့ရတဲ့အပြင် သူမကွယ်လွန်မီ နာရီပိုင်းအလိုမှာမှ စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တာဟာလည်း စစ်မှန်တဲ့ သနားကြင်နာမှု မဟုတ်ဘူးလို့ ဥရောပသမဂ္ဂသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။ကင်ဆာရောဂါ ခံစားနေရမှန်း စစ်ကောင်စီက သိလျက်နဲ့ ရောဂါအခြေအနေတွေနဲ့ ကိုက်ညီတဲ့ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွ မပေးခဲ့တာကြောင့် ထောင်တွင်းမှာ ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရပြီး ကွယ်လွန်ခဲ့ရတာလို့လည်း NUG က ပြောထားကြောင်း” ရေးသားဖော်ပြထားပါသည်။

သတင်းအပြည်အစုံဖတ်ရန် – https://archive.ph/zWlBp

ဒါ့အပြင် DVB News မီဒီယာ ဌာနမှာလည်း “ဒေါက်တာဇော်မြင့်မောင်ဟာ စစ်အာဏာသိမ်းတဲ့ကာလတလျှောက် ကောင်းမွန်တဲ့ ဆေးဝါးကုသခံယူခွင့်မရခဲ့ဘူးလို့ အကျဉ်းထောင်ထဲမှာ အတူနေထိုင်ခဲ့သူတချို့ကပြောပါတယ်။
ရောဂါအခြေအနေ ဆိုးရွားချိန်ရောက်မှ ဒေါက်တာဇော်မြင့်မောင်ဟာ ပြင်ပဆေးရုံကို ပြောင်းရွှေ့ခွင့်ရခဲ့ပြီး မကွယ်လွန်ခင် နာရီပိုင်းအလိုကမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်းကို စစ်ကောင်စီက ကြေညာချက် လာဖတ်ပြခဲ့တယ်လို့ မိသားစုဝင်တွေရဲ့ မိတ်ဆွေတချို့က ပြောပါတယ်” ဟု ရေးသားထားပါသည်။

သတင်းအပြည်အစုံဖတ်ရန်- https://archive.ph/fZiAB

သုံးသပ်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဒုဥက္ကဌဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာ ရောဂါခံစား နေရပြီး ထောင်တွင်း ဆေးကုသခွင့်ဆုံးရှုံးခြင်းကြောင့် အကျဉ်းထောင်တွင်းမှာပင် မေ့မျောနေသည့်သတင်း နှင့် မေ့မျောနေစဉ် ထောင်ပိုင်များက လွတ်ငြိမ်းခွင့်ပေးရန် စစ်ကောင်စီလက်အောက် အကျဉ်းဌာနမှ လျို့ဝှက်စာများ ပါထွက်ပေါ်လာပြီးဖြစ်သည်။

နောက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့ မနက်သုံးနာရီအချိန်မှ ကွယ်လွန်သွားပြီဖြစ် ကြောင်း မိသားစု၏ အတည်ပြုချက်ဖြစ် သတင်းထွက်ပေါ်လာသည်မှာ အမှန်ဖြစ်သည်။

မန္တလေးပြည်သူအပြင် ဒေါက်တာဇော်မြင့်မောင်၏ နိုင်ငံရေးအနစ်နာခံမှုနှင့် ပြည်သူအကျိုးသယ်ပိုးလုပ်ဆောင် သည့်လုပ်ရပ်ကြောင့် ပြည်သူထောက်ခံမှုအားကောင်းသည်ကို စစ်ကောင်စီဝါဒဖြန့်သူက ပြည်သူများ အယုံကြည့်လျော့နည်းစေရန် သတင်းအမှားဖြန့်ဝေပြီး ဝါဒဖြန့်နေသည်ဟု သုံးသပ်မိသည်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်မှ “ဗုဒ္ဓဘာသာကိုစော်ကား သံဃာကို ဖမ်းဆီးထောင်ချလို့ အကုသိုလ်အကျိုး ပေးတယ်” ဆိုတဲ့အကြောင်းအရာက လူပုဂ္ဂိုလ်ကို အပုပ်ချရေးသားထားခြင်းဖြစ်ပါသည်။

ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် ဆိုရှယ်မီဒီယာခေတ်ဖြစ်သည့်အတွက် ဆိုရှယ်မီဒီယာရှိ အကြောင်းအရာ များသည် တစ်စုံတစ်ခု ကို ပုံဖျက်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ကိုယ်ကျိုးရှာရန် အတွက် ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားများ ကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြသည့်အတွက် အလွယ်တကူ မယုံကြည် ရန်နှင့် မတိကျ မသချာသည့်သတင်းများကို မမျှဝေ ကြရန် လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှု့ရန် အကြံပြုတိုက်တွန်းလိုပါသည်။

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါင်း facebook page ၏ မက်ဆေ့ဘောက်သို့ ပေးပိုမေးမြန်းနိုင်ပါသည်။

You missed