ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၁၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင်အရေးပေါ်လိုအပ်သည့် သောက်ရေသန့် စက် ၅ လုံးလှူဒါန်းသွားမည်ဖြစ်ပြီး၂ လုံးတပ်ဆင်ပြီးစီးခဲ့ကြောင်း ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက်ထံမှသိရသည်။

အလှူရှင်များလှူဒါန်းထားသည့် သောက်ရေသန့် စက်များကို မိုင်းသောက်၊ ရွာမ ၊ မိုင်းပျိုး ၊ ကြေးစားကုန်း တို့တွင် တပ်ဆင်မည်ဖြစ်ပြီး နောက်ဆုံး တစ်လုံးကို တပ်ဆင်မည့် ကျေးရွာ နေရာရွေးချယ်လျှက် ရှိကြောင်း သိရသည်။

အင်းလေးကန်သို့ သောက်ရေသန့် စက်များ အားလုံး ရောက်ရှိနေပြီ ဖြစ်ကာ ၊ မိုင်းသောက်နှင့် ရွာမ တို့တွင် သောက်ရေသန့် စက်နှစ်လုံး ကို တပ်ဆင်ပြီးစီးခဲ့ပြီဖြစ်ပြီး ရွာမကျေးရွာတွင် ကျေးရွာပိုင် မီးစက် ဖြင့် သောက်ရေသန့် စက်ကို မောင်းနှင် လည်ပတ်ရန် စီစဉ်ထားသည်။

မိုင်းသောက်၊ ရွာမ ၊ ကြေးစားကုန်းတွင် တပ်ဆင်မည့် သောက်ရေသန့် စက်သည် ကမ္ဘောဇဘဏ်မှလှူဒါန်းခြင်း ဖြစ်ပြီး၊ မိုင်းပျိုးတွင် တပ်ဆင်မည့် စက်သည် Online Donation Yangon အလှူ ဖြစ်ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် စက်တင် ဘာလ(၁၁) ရက် ရေကြီးနစ်မြုပ်ခြင်းကြောင့် နေအိမ်များ၊ စိုက်ခင်းများ၊ ကျွန်းမျောများ ၊ ကုန်ပစ္စည်းများတို့ များစွာ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံများတို့သည် အောက်တိုဘာလ အထိ လုပ်ငန်းများ စတင် လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အင်းလေးကန်တွင် စားနပ်ရိက္ခာ လိုအပ်ချက် ရှိသော ကျေးရွာများစွာ ကျန်ရှိနေသေးပြီး၊ အဓိက အားဖြင့် ဆန်၊ ဆီ၊ ဆား လိုအပ်နေခြင်းအပြင် သောက်သုံးရေများလည်းအ ခက်ခဲကြုံတွေ့နေရကြောင်းသိရသည်။

ရေနှစ်မြှုပ်နေသည့် ညောင်ရွှေမြို့တွင် နမ့်လတ် လူမှုကူညီရေး အဖွဲ့ အပါအဝင် လူငယ် အဖွဲ့များ ၊ စေတနာ့လုပ်အားရှင် စုစုပေါင်း Volunteers အင်အား 200 ကျော်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

photo ရှမ်းတောင် ပရဟိတ ညီနောင်များ ကွန်ရက်

#ppv006
#အင်းလေး
#social
#ရေသန့်
#WhatHappenInMyanmar

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *