ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၁၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ပရဟိတအဖွဲ့များ ပေါင်း၍ ရေတွင်း၊ ရေကန် တို့ကိုနမ့်လတ်လူမှုကူညီရေးအဖွဲ့ နှင့် တောင်ကြီးမြို့မှ စေတနာ့ လုပ်အားရှင် အဖွဲ့များ ပူးပေါင်း၍ သန့်ရှင်းရေး ဆက်လက်ဆောင်ရွက်ပေးနေကြောင်းသိရသည်။

ညောင်ရွှေမြို့တွင် အထိုင်ချ၍ ကူညီရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး ရေကျသွားသည့် ရပ်ကွက် ရှိ နေအိမ်များတွင် ရေတွင်းများကို ရေစုတ်ထုတ်ခြင်း နှင့် ရေကန်များကို သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

“ အခု ညောင်ရွှေမြို့မှာ ၃ ရက်မြောက် ရှိပါပြီ။ ရေတွင်း ရေကန်တွေကို သန့်ရှင်းရေး ဆောင်ရွက်ပေးနေပါတယ်”ဟု နမ့်လတ် လူမှုကူညီရေး အသင်း မှ တာဝန်ရှိသူ က ပြောသည်။

အဝီစိတွင်း ရှိသောတချို့နေအိမ် ရေတွင်းများကို ရေစုတ်တင်ခြင်း ၊ သုံးရေ ရရှိရန် ဆေးပြား ထည့်ခြင်းများ ဆောင်ရွက်သလို ၊ ရပ်ကွက်လမ်းရှိ ရေမြောင်းများကိုလည်း ရှင်းလင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ(၁၁) ရက် ညောင်ရွှေမြို့တွင် သုံးရက်မြောက် ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ကလောမြို့တွင် တစ်လနီးပါး ကူညီဆောင်ရွက်ခဲ့သော နမ့်လတ် လူမှုကူညီရေးအဖွဲ့သည် နမ့်စန်မြို့တွင်လည်း ကူညီရေး လုပ်ငန်းများ နှင့် အလှူငွေများတို့ကို ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အင်းလေးကန်တွင် စားနပ်ရိက္ခာ လိုအပ်ချက် ရှိသော ကျေးရွာများစွာ ကျန်ရှိနေသေးပြီး၊ အဓိက အားဖြင့် ဆန်၊ ဆီ၊ ဆား လိုအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သောက်သုံးရေ ခက်ခဲသော ကျေးရွာများအတွက် ရေကြည်ရေသန့် ရှာဖွေရေး အဖွဲ့မှ ရေသန့် ဆေးပြား တို့ဖြင့် သောက်သုံးရေ ရရှိအောင် ဆောင်ရွက်နေကြောင်း သိရသည်။

photo နမ့်လတ်လူငယ်

#ppv006
#ညောင်ရွှေ
#ပြန်လည်ရှင်းလင်းရေး
#သဘာဝဘေး
#နမ့်လတ်လူငယ်

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *