ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၀၊ ၂၀၂၄

ဆီဆိုင်မြို့တွင် ပုံမှန်ပေးဝေနေကျ ဂျပန် ရေမရတော့ဘဲ မိုးရေသာအားကိုးနေရ၍ နွေရာသီ ရေအခက်ခဲကြုံရမည်ကိုဒေသခံများစိုးရိမ်နေကြကြောင်းသိရသည်။

ရှမ်းပြည်တောင်ပိုင်းဆီဆိုင်မြို့တွင် တိုက်ပွဲ ဖြစ်ပွားပြီး နောက်ရပ်ကွက်တွင်းပေးဝေနေကြ ဂျပန်ရေမရတော့သဖြင့်မိုးရေနှင့်သာချက်ပြုတ်စားသောက်ကာလတ်တလောစား၀တ်နေရေးပြသာနာကိုဖြေရှင်း နေရသည်။

“ရေမရတာကတော့စစ်ဖြစ်ကတည်းကနေအခုထိပဲ၊တချို့ရွာတွေကဂျပန်ရေ နည်းနည်းရတယ်၊ မရတဲ့လူကတော့မိုးရေရှိနေလို့အဆင်ပြေနေသေးတာချက်ပြုတ်လဲမိုးရေသောက်ရေလဲမိုးရေပဲအချို့အိမ်ဆိုရေလုံး၀မရှိတာလဲရှိသေးတယ်၊မိုးရာသီကုန်ရင်ရေရဖို့ဘယ်လိုလုပ်ရမှန်းမသိဘူး၊အချိူ့အိမ်ကရေတွင်းရှိပေမဲ့ပုပ်နံ့နံနေတာတွေရှိတော့သောက် လို့သုံးလို့အဆင်မပြေဘူးလေ”ဟု ဒေသခံအမျိူးသမီးတစ်ဦးကပြောသည်။

အရင်ကဂျပန်ရေကိုတစ်ပတ်တွင်တစ်ရက်ရပြီး၊တစ်ရွာနှင့်တစ်ရွာရက်မတူသည့်အပြင်ရေလာသည့်အချိန်လဲမတူသည့်အတွက်သုံးစွဲရအဆင်ပြေပြီး ထိုရေဖြင့် သောက်ရေ၊ချိုးရေ၊ အဝတ်လျှော်၊ ချက်ပြုတ်စသဖြင့်အသုံးပြုကြပြီး ရေမီတာခဆောင်ရလည်းအဆင်ပြေခဲ့သည်။

လက်ရှိတိုက်ပွဲဖြစ်ပွားမှုမရှိတော့သည့်ဆီဆိုင်မြို့တွင် စစ်ရှောင်ဒေသခံများနေရပ်ပြန်လာကြပြီဖြစ်ပြီး အစစအရာရာ အခက်ခဲရှိနေသေးကြောင်းသိရသည်။

စားဝတ်နေရေးအတွက်၊ ပြန်လည်ထူထောင်ရေးအတွက်လိုအပ်ချက်များရှိနေသေးပြီး ကုန်စည်စီးဆင်းမှုလည်း စစ်ကောင်စီက တင်းကြပ်ထားနေဆဲဖြစ်ကြောင်းသိရသည်။

#ppv014
#Humanright
#ရေ
#ဆီဆိုင်
#ဂျပန်ရေ
#WhatHappenInMyanmar
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *