ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၀၊ ၂၀၂၄

ရွေ့ပြောင်းတောင်ယာလုပ်လာခြင်း များလာသည်နှင့်အမျှ သစ်တောပြုန်းတီးမှုများပြားလာပြီး သဘာဝအလှအတွက်နှစ်စဥ်မျိုးသုဥ်းနေရသည့် ချယ်ရီပင်များအား တောင်ကြီးနှင့် ရှမ်းတောင်ရှိကျေးရွာများတွင် ပြန်လည်စိုက်ပျိုးနေကြောင်း အောက်တိုဘာလ(၁၀)ရက်နေ့တွင် ချယ်ရီပင်များပျိုးထောင်နေ့သည့် လူငယ်ထံမှသိရသည်။

ရှမ်းပြည်နယ်၏သင်္ကေတတစ်ခုဖြစ်သည့် ချယ်ရီပင်များသည် ရွေ့ပြောင်းတောင်ယာလုပ်လာခြင်းကြောင့် သစ်တောများပြုန်းတီးမှုနှင့်အတူ မျိုးသုဥ်းနေရပြီး သစ်တောပြုန်းတီးမှုလျော့ကျစေရန်နှင့် သဘာဝအလှအတွက်ဖြစ်သည့်ချယ်ရီပင်အားပြန်လည်ထိန်းသိန်း စိုက်ပျိုးနေကြောင်း သိရသည်။

“ချယ်ရီဆိုတာက ကျွန်တော်တို့တောင်ပေါ်ဒေသရဲ့ ပြယုဒ်တစ်ခုလည်းဖြစ်တယ်၊ အခုကျွန်တော်က ပျိုးပင်တွေ(၆)ထောင်လောက်ပျိုးထားတယ်ဗျ၊ အခုတော့ရွာတွေဘက်မှာ လိုက်လှူပေးဖြစ်တယ်၊ ဘာလို့လည်းဆိုတော့ ထင်းခုတ်တာတွေ တောင်ယာချဲ့ထွင်တာတွေကြောင့် ကျွန်တော်တို့ဒေသ ချယ်ရီပင်တွေလည်း မျိုးပြုန်းနေပြီဗျ” ဟု ချယ်ရီပင်များပျိုးထောင်နေ့သည့် လူငယ်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ပျိုးပင်များကိုကိုယ်တိုင်စိုက်ပျိုးထားပြီး နှစ်စဥ်နှစ်တိုင်းပျိုးပင်များအလိုရှိသည့်ဒေသ စိုက်ချင်သည့်ဒေသများသို့ လိုက်လံလှူပေးဖြစ်ကြောင်း ၎င်းကပြောသည်။

“အဓိကကျေးရွာတွေကိုပြောချင်တာ ရေဝေရေလဲအဝန်းအဝိုင်းတွေကို သေချာလေးဂရုစိုက်ဖို့ သစ်ပင်တစ်ရာရှိတဲ့သစ်တောတစ်ခုကို ပြောင်အောင်ခုတ်ပြီးရင် အဲ့နေရာကိုသစ်ပင်တစ်ရာပြန်စိုက်ရင်လည်း သစ်ပင်တစ်ရာပဲပြန်ဖြစ်မှာ သစ်တောပြန်မဖြစ်ဘူး အဓိကတော့ သစ်ပင်တွေကိုတန်ဖိုးထားတတ်ဖို့ပါပဲ” ဟု၎င်းကဆက်ပြောသည်။

ထိုလူငယ်သည် ယခုအချိန်၌ရှမ်းတောင်ဘက်တွင်ရှိသည့် ကျေးရွာဘက်မှသက်တမ်းရင့် ချယ်ရီပင်များအား ထိန်းသိမ်းစောင့်ရှောက်ဖို့နှင့် နောက်ထပ်အပင်သစ်များစိုက်ပျိုးဖို့ အသိပညာပေးဟောပြောပွဲလည်း ပြုလုပ်ပေးဖြစ်ကြောင်းသိရသည်။

ယခုနှစ်တွင် ယာဂီမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း နေရာအနှံအပြားမှာလည်း ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ တောင်အလုံးလိုက်ပြုကျမှု စသည့်သဘာဝ ဘေးအန္တရာယ်များ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ရပြီး သစ်ပင်များပြန်လှည်စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်အကျင်အတွက် အထောက်အကူပြုနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ-Cj
#PPV007
#သဘာဝပတ်ဝန်းကျင်
#ရှမ်းပြည်နယ်၏သင်္ကေတ
#ချယ်ရီပင်များ
#ရွေ့ပြောင်းတောင်ယာ
#သစ်တောများပြုန်းတီးမှု
#မျိုးသုဥ်းနေ
#သဘာဝအလှအတွက်ဖြစ်သည့်ချယ်ရီ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။