ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၀၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်တွင် နာမည်ကြီး ရှောက်ချိုစိုက်ခင်းများ ရေနစ်မြှုပ် သဖြင့် ရှောက်ချိုသီး စျေးနှုန်း မြင့်တက်လာကြောင်းကြား သိရသည်။

တောင်ကြီးမြို့ နှင့် မောက်မယ်မြို့တို့တွင် မောက်မယ် ရှောက်ချိုသီး တစ်လုံးကို တစ်ထောင့်ငါးရာကျပ် ပေါက်စျေးဖြင့် ရောင်းချနေကြပြီး၊ ယခုနှစ် အသီးထွက်နှုန်း လျော့ကျသဖြင့် စျေးနှုန်း တက်လာခြင်း ဖြစ်ကြောင်းဒေသခံထံက သိရသည်။

မောက်မယ်မြို့နယ်တွင် ရေကြီးနစ်မြုပ်ခြင်းကြောင့် စိုက်ခင်းဧက ရာကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး အဓိကအားဖြင့် ပြောင်း၊ စပါး၊ နှမ်း တို့အပြင် မောက်မယ် ရှောက်ချိုသီးကိုလည်း စိုက်ပျိုးကြသည်။

ရေကြီးခြင်းကြောင့် နမ့်လွတ်ကျေးရွာရှိ မောက်မယ် ရှောက်ချိုသီး ခြံ စိုက်ခင်းများရေဝင်ခြင်း မောက်မယ်ရှိ ရှောက်ချိုသီးခြံများ သုံးပုံတစ်ပုံ ရေလွှမ်းခြင်းရှိပြီး ကျန်သော သုံးပုံ နှစ်ပုံသည် ရှောက်ချိုသီးပင် ပိုးထိုးသဖြင့် အထွက်နှုန်း လျော့ကျကြောင်း သိရသည်။

ထိုသို့ သဘာ၀ဘေး ၊ ရာသီဥတုဘေး၊ ပိုးမွှားဘေးဒဏ် တို့ကြောင့် ရှောက်ချိုသီး ရှားပါးလာသဖြင့် စျေးနှုန်း တက်လာခြင်းဖြစ်ပြီး မောက်မယ်​တွင်ရှောက်ချို တစ်လုံးကို ၁၅၀၀ ကျပ် ရောင်းကြောင်း သိရသည်။

သစ်သီး၀လံ ပြန်လည် ဝယ်ရောင်းသူများ ထံတွင် မောက်မယ် ရှောက်ချိုသီးတစ်ပိဿာ ၃၈၀၀ ကျပ် ဖြင့် ရောင်းချ ပေးကြောင်းကြား သိရသည်။

မောက်မယ်မြို့နယ်တွင် ရှောက်ချို စိုက်ဧက ပေါင်း ၁၅၀ ရှိကာ လိုင်ချီး၊ သစ်ဆိမ့် ၊ လက်ဖက်၊ ကော်ဖီစေ့ ၊ အုန်းသီး ၊ ကွမ်းသီး တို့ကိုလည်း စိုက်ပျိုးကြောင်း မောက်မယ်မြို့နယ် ဒေသအချက်အလက် တွင် ဖော်ပြချက် အရ သိရသည်။

photo online

#ppv006
#ရှောက်ချိုသီး
#မောက်မယ်
#သဘာဝဘေး
#WhatHappenInMyanmar

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed