ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၀၊ ၂၀၂၄
သန္နီမြို့နယ် မန်ချက်ရွာတွင် စစ်ကောင်စီမှ လေယာဉ်ဖြင့်ဗုံးကျဲ တိုက်ခိုက်သောကြောင့် ရွာသား(၅)ဦး ဒဏ်ရာပြင်းထန်ရရှိပြီး နေအိမ်များ ပျက်စီးမှုရှိကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း သန္နီမြို့နယ်၊ ပန်လော့ကျေးရွာအုပ်စုမန်ချက်ရွာတွင် စစ်ကောင်စီမှ အောက်တိုဘာ(၁၀)ရက်နံနက် (၂)နာရီခွဲ ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုမရှိသော်လည်း အပြင်းထန်ဒဏ်ရာ ရရှိသူ (၅)ဦးရှိပြီး နေအိမ်ပျက်စီးမှုရှိသည်။
“ထုံးစံအတိုင်း လူအိပ်ချိန် လာကျဲတာဆိုတော့ သတိမထားမိဘူးလေ၊ တခုက လိုင်းလည်း မရတော့ ဖြစ်နေတဲ့ အခြေအနေကို တော်တော်များများက မသိဘူး။ပြည်သူက စစ်ကြောင့် ပြန်လည်ရပ်တည်ဖို့ အနိုင်နိုင် အခုဆို စားဝတ်နေရေးတောင် ခက်ခဲလာတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
သိန္နီမြို့တွင် အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး ဖုန်းလိုင်းသာရရှိကြောင်း သိရသည်။
PPV0011
ဓာတ်ပုံ-Crd
#လူ့အခွင့်အရေး
#သန္နီမြို့နယ်
#ပန်လော့ကျေးရွာအုပ်စု
#မန်ချက်ရွာ
#လေကြောင်းတိုက်ခိုက်မှု
#လူသေဆုံးမှုမရှိ
#နေအိမ်ပျက်စီးမှု
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။